“သင်္ကြန်ကာလအတွင်း CI ထုတ်ပေးရေးစခန်းများကို ယာယီပိတ်ထားမည်”
09 Apr
ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာအလုပ်သမားများအတွက် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက် မှတ်(CI)ထုတ်ပေးရေးစခန်းများဖွင့်လှစ်၍ ထုတ်ပေးလျက်ရှိပါတယ်။ အခုလိုထုတ်ပေးလျက်ရှိသော CI ထုတ်ပေးရေးစခန်းများကို မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ကာလ ဖြစ်တဲ့ ဧပြီလ ၁၃ ရက်မှ ၁၇ ရက်အထိ ယာယီပိတ်ပြီး လုပ်ငန်းများအားလုံးကို ရပ်နားထားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ အလုပ်သမားသံအရာရှိရုံးမှ သိရပါတယ်။ ဧပြီလ ၁၈ ရက်မှစတင်၍ CI ထုတ်ပေးရေးစခန်းများကိုပုံမှန်အတိုင်းပြန်လည်ဖွင့်လှစ်ပြီး လုပ်ငန်းစဥ်များ အားလုံးကို ပြန်လည်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။ (NVS 004)
09 Apr