“ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေမှာ လမ်းလျှောက်သင်္ကြန်ကျင်းပမည်”

09 Apr

နယ်မြေ၊ ညောင်ဦးမြို့နယ်တွင် မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်၌ လမ်းလျှောက်သင်္ကြန်ထည့်သွင်းကျင်းပမည်ဖြစ်ကြောင်း ညောင်ဦးမြို့နယ်မီးသတ်တပ်ဖွဲ့စခန်းကနေ သိရပါတယ်။ အဆိုပါလမ်းလျှောက်သင်္ကြန်အတွက် ညောင်ဦးမြို့နယ်၊ ပုဂံမြို့ဟောင်း၊ တောင်ဘီကျေးရွာအနီး သရပါ တံခါးမှ ဗူးဘုရားလမ်းဆုံအထိ ရေကစားမဏ္ဍပ်များနှင့် စတုဒီသာမဏ္ဍပ်များဆောက်လုပ်လျက်ရှိရာ ရေကစားမဏ္ဍပ် များတည်ဆောက်ရေးဆောင်ရွက်လျှက်ရှိကြောင်း သိရပါတယ်။ အခုလိုဆောက်လုပ်နေရာမှာ အမိုးပိုက်စိမ်းစများအုပ်မိုးခြင်း၊ ပုဂံထီး/ပုသိမ်ထီးအလှဆင်ခြင်းတို့ကို ညောင်ဦးမြို့နယ် မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များက သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်း၍ ကြိုတင်ပြင်ဆင်မှုများကို ပြုလုပ်ပေးလျက်ရှိပါတယ်။ (NVS 004)

09 Apr

ADVERTISE HERE .