ရီးရဲလ်တွင်သာ ကစားသမားဘဝ ကုန်ဆုံးသွားလိုကြောင်း ပင်နီစီယပ်စ် ပြောကြား
08 Apr
ရီးရဲလ်မက်ဒရစ်အသင်းတိုက်စစ်မှူး ဗင်နီစီယပ်စ်က မိမိအနေဖြင့် အသင်းတွင်သာ ကစားသမားဘဝ ကုန်ဆုံးလိုကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ လက်ရှိအချိန်တွင် တိုက်စစ်မှူး ဗင်နီစီယပ်စ်ကို ဥရောပကလပ် အသင်းများစွာက ခေါ်ယူရန် စိတ်ဝင်စားနေသော်လည်း ၎င်းကိုယ်တိုင်က ရီးရဲလ်မက်ဒရစ်အသင်းတွင်သာ ဆက်ရှိ သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။ အသက် ၂၅ နှစ်အရွယ် ဗင်နီစီယပ်စ် က ရီးရဲလ်မက်ဒရစ်အသင်းမှာပဲ ကစားသမားဘဝ ကုန်ဆုံးသွားလိုပြီး သူ၏မိသားစုကလည်း ဒီမှာပျော်ရွှင်နေကြောင်း ရီးရဲလ်အသင်းဟာလည်း သူ့အတွက် ကြီးကျယ်ခမ်းနားတဲ့ အသင်း တစ်သင်းဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဗင်နီစီယပ်စ်ဟာ ရီးရဲလ်အသင်းနှင့်အတူ ၂၀၁၈-၂၀၁၉ ဘောလုံးရာသီ ကနေ ၂၀၂၅-၂၀၂၆ ဘောလုံးရာသီအထိ ပြိုင်ပွဲစုံ ၃၆၇ ပွဲကစားပြီး ၁၂၃ ဂိုးသွင်းယူကာ ခြေစွမ်းပြထားသူ ဖြစ်ပါတယ်။ (NVS 008)
08 Apr