မိုးရွာသွန်းပြီးလေပြင်းတိုက်ခတ်၍ မိတ္ထီလာမြို့တွင် ပျ-က်စီးမှုများဖြစ်ပေါ်
08 Apr
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့တွင် ဧပြီလ ၇ ရက်နေ့လည်ပိုင်းက မိုးရွာသွန်းမှုနှင့်အတူ လေပြင်း တိုက်ခတ်မှုများဖြစ်ပေါ်ခဲ့ကြောင်း သိရပါတယ်။ လေပြင်းတိုက်ခိုက်သည့် အချိန်မှာ တစ်နာရီခန့်သာ ကြာမြင့်ခဲ့ပေမယ့် လေတိုက်ခိုက်မှု ပြင်းထန်တာကြောင့် နေအိမ်အချို့၊ ကားလမ်းပေါ်သို့ သစ်ပင်များ ပြုလဲကျခြင်း၊ ကားများအပေါ် သစ်ပင်လဲပြိုမှုများ ဖြစ်ခဲ့ပါတယ်။ လေပြင်းတိုက်ခိုက်မှုများကြောင့် နေအိမ်ပျ-က်စီးမှုများ၊ သစ်ပင်လဲပြိုမှုများကြောင့်ပျ-က်စီးမှုများ၊ လမ်း ပိတ်ဆို့နေမှုများ၊ လျှပ်စစ်ဓာတ်အားပေးတိုင်ပျ-က်စီးမှုများ၊ လျှပ်စစ်မီးကြိုးပျ-က်စီးမှုများအား သက်ဆိုင်ရာ မီးသတ်တပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းဝင်များက ရှင်းလင်းဖယ်ရှားပေးလျက်ရှိကာ ထိခိုက်ဒ-ဏ်ရာရသူ အချို့လည်းရှိခဲ့ကြောင်း သိရပါတယ်။ (NVS 004)
08 Apr