အရှေ့အလယ်ပိုင်းဒေသ စစ်ပွဲများ ရပ်တန့်ရေးသည် အီရန်နိုင်ငံ၏ လိုလားချက်ဖြစ်ကြောင်း အီရန်တာဝန်ရှိသူ ပြောကြား

08 Apr

အရှေ့အလယ်ပိုင်းဒေသတွင် စစ်ပွဲများရပ်တန့်ရေးသည် အီရန်နိုင်ငံ၏လိုလားချက်ဖြစ်ကြောင်း ပါကစ္စတန် နိုင်ငံဆိုင်ရာ အီရန်သံအမတ်ကြီး ရီဆာအယ်မီရီမိုဟာဒန်က ဧပြီလ ၇ ရက်တွင် ပြောကြားသည်။ အီရန်နိုင်ငံအား ကျူးကျော်တိုက်ခိုက်မှုများမပြုလုပ်ရန်လည်း ပန်ကြားကြောင်း ၎င်းက ပြောကြားသည်။ အီရန်အနေဖြင့် သံတမန် နည်းလမ်းဖြင့် ယခုပဋိပက္ခအတွက် ရေရှည်တည်တံ့သည့်အဖြေရရှိသည်အထိ ဆောင်ရွက်မည်ဟု ၎င်းက ပြောကြားသည်။ ခိုင်မာသည့် ကတိကဝတ်များမပါရှိသည့် ငြိမ်းချမ်းရေးအဆိုပြုချက်များကြောင့် ပဋိပက္ခ ဖြေရှင်းရန် အခက်အခဲများရှိမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။ အီရန်နှင့်အမေရိကန်ကြား ပဋိပက္ခကို ဖြေရှင်းဆောင်ရွက်ရန်အတွက် ပါကစ္စတန်နိုင်ငံက ကြားဝင်ညှိနှိုင်း လျက် ရှိသည်။ အီရန်နှင့်ပါကစ္စတန်ကြားပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အရှေ့အလယ်ပိုင်းအရေးပြေလည်ရန် ဆောင်ရွက်နေကြောင်း ၎င်းကပြောကြားသည်။ ညှိနှိုင်းဆွေးနွေးမှုများနှင့်အတူ စစ်ရေးအရတိုက်ခိုက်ခြင်းများကို ဆောင်ရွက်ပါက ဆွေးနွေးမှုမအောင်မြင်နိုင်ကြောင်း ၎င်းက ပြောကြားသည်။ ခေတ္တအပစ်အခတ်ရပ်စဲခြင်းထက် ငြိမ်းချမ်းရေးအပြီးတိုင်ရရှိရေး ဆောင်ရွက်ခြင်းကသာ ပဋိပက္ခကို ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောကြား သည်ဟု ဆင်ဟွာသတင်းဌာနဖော်ပြချက်အရ သိရသည်။

08 Apr

ADVERTISE HERE .