“ရာသီပြီးဆုံးဖို့ ၅ ပွဲအလိုမှာ ဒတ်ချ်လိဂ်ချန်ပီယံဆုကိုရရှိခဲ့တဲ့ PSV အသင်း”

07 Apr

PSV အသင်းက ရာသီပြီးဆုံးဖို့ ၅ ပွဲအလိုမှာပဲ ဒတ်ချ်လိဂ်ချန်ပီယံဆုကို ဆွတ်ခူးခဲ့ကြောင်း သိရပါတယ်။ အခုတစ်ပတ်ယှဉ်ပြိုင်ကစားခဲ့တဲ့ နယ်သာလန်အမှတ်ပေးပြိုင်ပွဲရဲ့ ပွဲစဉ် ၂၉ မှာ PSV အသင်းက အနိုင်ရခဲ့ပြီး အနီးဆုံးပြိုင်ဘက် ဖီယင်နုအသင်းက သရေကျခဲ့တာကြောင့် ၅ ပွဲအလိုမှာပဲ ချန်ပီယံဆုအတွက် အဖြေပေါ် သွားခဲ့တာဖြစ်ပါတယ်။ ပွဲစဉ် (၂၉)ပွဲ ယှဉ်ပြိုင်ကစားအပြီးမှာ PSV အသင်းက ဒုတိယနေရာက ဖီယင်နုအသင်းနဲ့ ၁၇ မှတ် ကွာဟသွားခဲ့တာကြောင့် ချန်ပီယံဖြစ်ခဲ့ပြီး ချန်ပီယံဆုကို ၃ ရာသီဆက်တိုက် ရယူနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။နည်းပြ ပီတာဘော့ဇ် က ၃ ရာသီစလုံးမှာ အသင်းကို အကောင်းဆုံးပဲ့ကိုင်ပေးခဲ့တာဖြစ်ပြီး ဒတ်ချ်လိဂ်ချန်ပီယံဆု ရယူနိုင်တဲ့ အသက်အကြီးဆုံးနည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ (NVS 008)

07 Apr

ADVERTISE HERE .