“ဘာစီလိုနာအသင်းကို အမြန်ဆုံးပြောင်းရွှေ့နိုင်ဖို့ မျှော်လင့်နေတဲ့ ဘတ်စ်တိုနီ”
07 Apr
အင်တာမီလန်အသင်းရဲ့နောက်ခံလူ ဘတ်စ်တိုနီ ဟာ ဘာစီလိုနာအသင်းကို အမြန်ဆုံးပြောင်းရွှေ့နိုင်ဖို့ မျှော်လင့်နေပါတယ်။ အီတလီလက်ရွေးစင်ကစားသမား ဘတ်စ်တိုနီ က အင်တာမီလန်အသင်းရဲ့ အမာခံကစားသမားအဖြစ် ရပ်တည်နေပေမယ့် ဘာစီလိုနာအသင်းမှာ ပြောင်းရွှေ့ကစားဖို့က သူ့ရဲ့အိပ်မက်ဖြစ်တာကြောင့် အခုလို မျှော်လင့် နေခြင်းဖြစ်ပါတယ်။ ဘာစီလိုနာအသင်းက ခံစစ်ပိုင်းကို အားဖြည့်ဖို့ စီစဉ်နေရာမှာ ဘတ်စ်တိုနီ က ဦးစားပေးပစ်မှတ်ဖြစ်နေပြီး လာမယ့်နွေရာသီမှာ ကမ်းလှမ်းမှုပြုလုပ်ဖွယ်ရှိကြောင်း သိရပါတယ်။ ဘာစီလိုနာအသင်းအနေနဲ့ ဘတ်စ်တိုနီ ကို ခေါ်ယူမည်ဆိုပါက ပြောင်းရွှေ့ကြေးအဖြစ် ယူရို ၅၅ သန်းကနေ ယူရိုသန်း ၆၀ အထိ ပေးချေရဖွယ်ရှိပါတယ်။ (NVS 008)
07 Apr