“အမေရိကန် ကုန်း၊ ရေနှစ်သွယ်သွား တိုက်ရေယာဉ်တစ်စင်း အီရန်၏တိုက်ခိုက်မှုကို ခံခဲ့ရ"
07 Apr
စစ်သည် ၅,၀၀၀ ကျော်တင်ဆောင်လာသည့် အမေရိကန် ကုန်း၊ ရေနှစ်သွယ်သွား တိုက်ရေယာဉ်တစ်စင်း သည် အီရန်နိုင်ငံ၏တိုက်ခိုက်မှုကို ခံခဲ့ရကြောင်း အီရန်အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့က ဧပြီလ ၆ ရက် တွင် ကြေညာခဲ့ကြောင်း သိရသည်။ စစ်သည်နှင့် ရေတပ်သား ၅,၀၀၀ ကျော်တင်ဆောင်လာသည့် အမေရိကန် ကုန်း၊ ရေနှစ်သွယ်သွား တိုက်ရေယာဉ် LHA7 သည် အရှိန်အဟုန်ပြင်းသော ဒုံးကျည်တိုက်ခိုက်မှုများကို ခံခဲ့ရပြီး အိန္ဒိယ သမုဒ္ဒရာတောင်ပိုင်းသို့ ဆုတ်ခွာခဲ့ရသည်ဟု အစ္စလာမ်မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့က ၎င်းတို့၏ တယ်လီဂရမ်ချန်နယ်တွင် ဖော်ပြထားသည်။ ထို့ပြင် တစ်ချိန်တည်းမှာပင် အီရန်နိုင်ငံသည် ၎င်းတို့၏ပဲ့ထိန်းဒုံးကျည်များကို အသုံးပြု၍ တဲအဗစ်မြို့၏ မြောက်ဘက်နှင့်တောင်ဘက်ရှိ မဟာဗျူဟာမြောက်ပစ်မှတ်များအပြင် ဟိုင်ဖာမြို့ကိုလည်း တိုက်ခိုက်ခဲ့ကြောင်း Iv သတင်းဌာနဖော်ပြချက်အရ သိရသည်။
07 Apr