“လျှပ်စစ်စွမ်းအင်သုံးမော်တော်ယာဉ်များအတွက် မှတ်ပုံတင်ခများ ဧပြီလမှ စတင်ကောက်ခံမည်”
07 Apr
လျှပ်စစ်စွမ်းအင်သုံး မော်တော်ယာဥ်များကို Piolt Project ကာလအတွင်း ပြည်ပတင်သွင်းယာဥ် မှတ်ပုံတင်ခများ ကောက်ခံခြင်းမပြုဘဲ ကနဦး မှတ်ပုံတင်လုပ်ငန်းများကို ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (ကညန) က ဆောင်ရွက်ပေးခဲ့ကြောင်း သိရပါတယ်။ အဆိုပါပရောဂျက်ကာလက မတ်လ ၃၁ ရက်တွင် ကုန်ဆုံးခဲ့ပြီး လျှပ်စစ်စွမ်းအင်သုံး မော်တော်ယာဥ်များ အတွက် ပြည်ပတင်သွင်းယာဥ်မှတ်ပုံတင်ခများကို ဧပြီလ ၁ ရက်မှ စတင်ကောက်ခံမည်ဖြစ်ကြောင်း ကညနမှ ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၁ ရက်မှစ၍ သွင်းကုန်ကြေညာလွှာ ဖွင့်လှစ်သည့် ပြည်ပမှ CBU စနစ်ဖြင့် တင်သွင်းလာတဲ့ လျှပ်စစ်စွမ်းအင်သုံး မော်တော်ယာဥ်များကို မော်တော်ယာဥ်အမျိုးအစားနှင့် ဘက်ထရီ စွမ်းဆောင်ရည်အလိုက်မူလတန်ဖိုးဈေးနှုန်းအပေါ် ပြည်ပတင်သွင်းယာဥ်မှတ်ပုံတင်ခများကို စတင်ကောက်ခံသွားမှာ ဖြစ်ပါတယ်။ အမျိုးအစားအလိုက် ရာခိုင်နှုန်းအားဖြင့် ၃ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းထိ သတ်မှတ် ကောက်ခံမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရပါတယ်။ (NVS 004)