“တိုင်းဒေသကြီးနှင့် ပြည်နယ် ၇ ခုမှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်”
07 Apr
ဧပြီလ ၇ ရက်မှာ တိုင်းဒေသကြီးနှင့်ပြည်နယ် ၇ ခုတွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်ဟု မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အသိပေးထားပါတယ်။ ယနေ့ညနေပိုင်းအထိခန့်မှန်းချက်အရ ကချင်ပြည်နယ်မှာ နေရာကျဲကျဲနှင့် မန္တလေးတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း နှင့်အရှေ့ပိုင်း)တို့မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်ဖြစ်ကာ ရွာရန်ရာနှုန်း ၈၀ ဖြစ်တယ်လို့ သိရပါတယ်။ အခြားတိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်တိမ်အသင့်အတင့် ဖြစ်ထွန်းမည်ဖြစ်ကြောင်း အသိပေးထားပါတယ်။ နောက် ၂ ရက်အတွက်ခန့်မှန်းချက်အရ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်တို့မှာ နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်ကြောင်း အသိပေးချက်မှာ ဖော်ပြထားပါတယ်။ (NVS 004)