“ပြည်ထောင်စုအစိုးရအဖွဲ့ကို ဝန်ကြီးဌာန ၃၁ ခုနဲ့ ဖွဲ့စည်းမည်ဟု လွှတ်တော်သို့ တင်သွင်းခဲ့”

07 Apr

တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေးအဖြစ်ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော်မှာ နိုင်ငံတော်သမ္မတက အဆိုပြုလာတဲ့ ပြည်ထောင်စုအစိုးရအဖွဲ့မှာ ဝန်ကြီးဌာန ၃၁ ခုပါဝင်မှာ ဖြစ်ကြောင်း သိရပါတယ်။ အခုအစည်းအဝေးမှာ နိုင်ငံတော်သမ္မတက အဆိုပြုတဲ့ပြည်ထောင်စုအစိုးရအဖွဲ့၏ ဝန်ကြီးဌာနအရေအတွက် နှင့် ဝန်ကြီးများ၏ စာရင်းကို လွှတ်တော်သို့ တင်ပြခြင်း ဖြစ်ပါတယ်။ ပြည်ထောင်စုဝန်ကြီးဌာန ၃၁ ခုစာရင်းမှာ(၁) ပြည်ထောင်စုဝန်ကြီး၊ နိုင်ငံတော်သမ္မတရုံး၊ (၂) အမျိုးသားစီမံကိန်းရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ (၃)နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန၊ (၄) ပို့ဆောင်ရေးဝန်ကြီးဌာန၊ (၅)ဒစ်ဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေး နှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ (၆)ကာကွယ်ရေးဝန်ကြီးဌာန၊ (၇)ပြည်ထဲရေးဝန်ကြီးဌာန၊ (၈)နိုင်ငံခြားရေးဝန်ကြီး ဌာန၊ (၉)ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ (၁၀)နယ်စပ်ရေးရာဝန်ကြီးဌာန၊ (၁၁)တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ (၁၂)ဥပဒေရေးရာဝန်ကြီးဌာန၊ (၁၃)ပညာရေးဝန်ကြီးဌာန၊ (၁၄)သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ (၁၅) ကျန်းမာရေးဝန်ကြီးဌာန၊ (၁၆)အမျိုးသမီးရေးရာဝန်ကြီးဌာန၊ (၁၇)ပြန်ကြားရေးဝန်ကြီးဌာန၊ (၁၈)သာသနာရေး ဝန်ကြီးဌာန၊(၁၉)စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊(၂၀)သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာန၊ (၂၁)သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ (၂၂) လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာန၊ (၂၃) စက်မှုနှင့် အသေးစား၊ အငယ်စား၊အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၊ (၂၄) လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ (၂၅)အလုပ်သမားဝန်ကြီးဌာန၊(၂၆)စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၊(၂၇)အားကစားရေးရာဝန်ကြီးဌာန၊(၂၈)လူငယ်ရေးရာဝန်ကြီးဌာန၊(၂၉)ဆောက်လုပ်ရေးဝန်ကြီးဌာန၊ (၃၀)လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ (၃၁) ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနတို့ ဖြစ်ပါတယ်။ (NVS 004)

07 Apr

ADVERTISE HERE .