“မြန်မာနိုင်ငံရှိ ငလျင်ဒဏ်သင့်ကလေးသူငယ်များ သာယာဝပြောရေးနှင့် လုံခြုံရေးစီမံကိန်းစတင်”

07 Apr

Global Development and South-South Cooperation Fund (GDSSCF)မှ ထောက်ပံ့ပြီး UNICEF ကအကောင်အထည်ဖော်သည့် မြန်မာနိုင်ငံရှိ ငလျင်ဒဏ်သင့်ကလေးသူငယ်များ သာယာဝပြောရေးနှင့် လုံခြုံရေး စီမံကိန်းစတင်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကနေ သိရပါတယ်။ အဆိုပါစီမံကိန်းစတင်ခြင်းအခမ်းအနားကို ရန်ကုန်မြို့မှာ ဧပြီလ ၂ ရက်ကကျင်းပခဲ့ရာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှသံမှူး Mr. Ouyang Daobing တက်ရောက်၍ တရုတ်သံရုံးသည် UNICEF အသင်းနှင့်အတူ နက်ရှိုင်းသော ပူးပေါင်းဆောင်ရွက်မှုများကို တစ်ဆင့်တိုးလုပ်ဆောင်ကာ စီမံကိန်းကို ပိုမိုကြီးမားသောအောင်မြင်မှု ရလဒ်များရရှိစေရေး တွန်းအားပေးလုပ်ဆောင်ပြီး ဘေးဒဏ်သင့်ဒေသမှ ကလေးသူငယ်များ ပိုမိုအကျိုးခံစားရစေရေး အတွက် လုပ်ဆောင်သွားရန်ဆန္ဒရှိတယ်လို့ ပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ UNICEF အသင်း၏ ဒုတိယကိုယ်စားလှယ် Ms. Julia Rees မှလည်း တရုတ်နိုင်ငံ၏ ကူညီထောက်ပံ့မှုများအတွက်ကျေးဇူးတင်ရှိကြောင်းနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးနှင့် ရင်းနှီးစွာဆက်ဆံ သွားမည်ဖြစ်ပြီး UNICEF ၏ အားသာချက်များကိုအသုံးချ၍ စီမံကိန်းမှ မျှော်မှန်းထားသောရလဒ်များရရှိစေရန် အာမခံကြောင်း ပြောကြားခဲ့ပါတယ်။ အဆိုပါစီမံကိန်းက မြန်မာနိုင်ငံရှိ ငလျင်ဒဏ်သင့်ကလေးသူငယ်များနှင့် ၎င်းတို့၏မိသားစုများအတွက် သန့်စင်ဘေးကင်းသော သောက်သုံးရေများ၊ ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် တစ်ကိုယ် ရည် သန့်ရှင်းရေးသုံးပစ္စည်းများအပြင် ကလေးသူငယ်ထိန်းသိမ်းစောင့်ရှောက်ရေးနယ်ပယ်များအတွက် အထောက် အပံ့များနှင့် ဝန်ဆောင်မှုများ ပေးမှာဖြစ်ကာ လူဦးရေ ၁၁၆,၀၀၀ ဦး အကျိုးခံစားနိုင်မည်ဖြစ်ကြောင်း သိရပါတယ်။ (NVS 004)

07 Apr

ADVERTISE HERE .