“အီရန်၊ လက်ဘနွန်နှင့် ဂါဇာကမ်းမြောင်ဒေသတို့တွင် ဆင်နွှဲနေသည့် စစ်ပွဲများရပ်တန့်ပေးရန် အစ္စရေး နိုင်ငံသား များက ဆန္ဒပြတောင်းဆို”

06 Apr

အစ္စရေးနိုင်ငံသား ရာပေါင်းများစွာသည် တဲအဗစ်မြို့လယ်ကောင်ရှိ ရင်ပြင်တစ်ခုတွင် စုံရုံး၍ အစ္စရေးအစိုးရ က အီရန်၊ လက်ဘနွန်နှင့် ဂါဇာကမ်းမြောင်ဒေသတို့တွင် လက်ရှိဆင်နွှဲနေသည့် စစ်ပွဲများကို ရပ်တန့်ပေးရန် တောင်းဆိုဆန္ဒပြခဲ့ကြောင်း သိရသည်။ အဆိုပါဆန္ဒပြသူများသည် လက်ရှိဖြစ်ပွားနေသော တိုက်ခိုက်မှုများကို ရပ်တန့်ပေးရန် ဧပြီလ ၄ ရက်က ခွင့်ပြုချက်ရယူ၍ တောင်းဆိုဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။ သို့သော် ဆန္ဒပြသူများ သည် စည်းကမ်းချက်တချို့ကို ချိုးဖောက်ခဲ့မှုများ ရှိခဲ့ကြောင်း သိရသည်။ အထူးသဖြင့် ဒုံးကျည်ဖြင့် ပစ်ခတ်ခံရနိုင် သည့် အန္တရာယ်ရှိသောကြောင့် အစိုးရက လူ ၅၀ ဦးထက်ပို၍ စုဝေးခွင့် မပြုထားသော်လည်း ယခုဆန္ဒပြပွဲတွင် ပါဝင်သူဦးရေမှာ အဆိုပါကန့်သတ်ချက်ထက် ကျော်လွန်နေခဲ့ခြင်း ကြောင့် ဥပဒေစိုးမိုးရေးအဖွဲ့များက ဆန္ဒပြသူများအား ၎င်းတို့၏စုဝေးဆန္ဒပြခြင်းသည် တရားမဝင်ကြောင်း သတိပေးခဲ့ ပြီးနောက် ရဲတပ်ဖွဲ့ဝင်များက ဆန္ဒပြသူများကို အင်အားသုံး၍ လူစုခွဲခဲ့ရခြင်း ဖြစ်သည်။ ဆန္ဒပြသူများအား ဖြိုခွင်းမှုတွင် မြင်းစီးရဲတပ်ဖွဲ့ဝင်များလည်း ပါဝင်ခဲ့ကြောင်း ဖော်ပြထားသည်။ ယင်းနေ့တစ်နေ့တည်းတွင် ဂျာမနီနိုင်ငံ ဘာလင်မြို့၌လည်း အမေရိကန်နှင့် အစ္စရေးတို့၏ အီရန်နိုင်ငံအပေါ် စစ်ရေးအရတိုက်ခိုက်မှုများကို ဆန့်ကျင်သည့် ဆန္ဒပြပွဲတစ်ခုကို ကျင်းပပြုလုပ်ခဲ့ကြောင်း Iv သတင်းဌာနဖော်ပြချက် အရ သိရသည်။

06 Apr

ADVERTISE HERE .