“အပူဒဏ်အန္တရာယ်လူနာများကို အရေးပေါ်ကုသပေးရန် မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးမှာ အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်ပေးနေ”

06 Apr

အပူဒဏ်အန္တရာယ် လူနာများကို အရေးပေါ်ကုသပေးရန် မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးမှာ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ပေးလျက်ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက အသိပေးထားပါတယ်။ ဒါကြောင့် မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးမှာ လူနာများ လက်ခံကုသပေးမည့်နေရာ ကြိုတင်စီစဉ် ခြင်း၊ ဆေးနှင့်ဆေးပစ္စည်းများ ကြိုတင်ဖြည့်ဆည်းပြင်ဆင်ထားရှိခြင်း၊ ဘာသာရပ်ဆိုင်ရာကျွမ်းကျင်မှုရှိစေရေး အတွက် အပူဒဏ်အန္တရာယ်လူနာများကို အရေးပေါ်ကုသမှုပေးရာမှာ ကုသမှုလုပ်ငန်းလမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက်ရန်အတွက် လေ့ကျင့်မှုများဆောင်ရွက်ခြင်းအပါအဝင် အပူဒဏ်အန္တရာယ်နှင့်ပတ်သက်သော ကျန်းမာရေး ပြဿနာများ ကာကွယ်ကုသရေးအတွက် လုပ်ငန်းများအား အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိပါတယ်။ ယခုအခါ ပူပြင်းတဲ့ နွေရာသီကာလသို့ ရောက်ရှိနေပြီဖြစ်သဖြင့် အပူဒဏ်အန္တရာယ်ဖြစ်ပွားမှုအများဆုံး တိုင်းဒေသကြီး/ပြည်နယ်များမှာ အပူဒဏ်ကြောင့် ဖြစ်ပေါ်တတ်သော ရောဂါများနဲ့ ပြည်သူ့ဆေးရုံများသို့ လာရောက် ပြသသောလူနာများကို လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများပေးနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။ (NVS 004)

06 Apr

ADVERTISE HERE .