“နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ညစ်ညမ်းမှုကို ထိုင်း၊ လာအိုနိုင်ငံတို့နှင့် ပူးပေါင်းဆောင်ရွက်မည်”

06 Apr

မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် လာအိုနိုင်ငံတို့၏နယ်နိမိတ်တစ်လျှောက်မှာ လက်ရှိဖြစ်ပေါ်နေသော နယ်စပ် ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုကို ထိုင်း၊ လာအိုနိုင်ငံတို့နှင့်ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း မြန်မာ-ထိုင်း နယ်နိမိတ်ဖြတ်ကျော် မီးခိုးမြူငွေ့လေထုညစ်ညမ်းမှုတားဆီးကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဖြေရှင်းဆောင်ရွက်ရေး ကော်မတီက အသိပေးခဲ့ပါတယ်။ ဒါကြောင့် ပြည်သူများအနေနဲ့ စွန့်ပစ်အမှိုက်များကို မီးရှို့ခြင်းမပြုလုပ်ဘဲ မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ် ရေးကဏ္ဍမှာ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြပါရန်လည်း တိုက်တွန်းနှိုးဆော်ခဲ့ပါတယ်။ လက်ရှိအချိန်မှာ စင်ကာပူနိုင်ငံအခြေစိုက် အာဆီယံမိုးလေဝသစောင့်ကြည့်လေ့လာရေးဗဟိုဌာန(ASMC)၏ ထုတ်ပြန်ချက်များအရ မြန်မာနိုင်ငံအပါအဝင် အာဆီယံမြောက်ပိုင်းဒေသဖြစ်သည့် မဲခေါင်ဒေသခွဲနိုင်ငံများမှာ မတ်လ ၂၇ ရက်မှစ၍ Fire Hotspot နှင့် မီးခိုးမြူငွေ့ဖြစ်ပေါ်မှုသတိပေးချက်အဆင့်(၃)သို့ စတင်ရောက်ရှိပြီဖြစ်ပါတယ်။ ဒါ့အပြင် မဲခေါင်ဒေသမှာ ခြောက်သွေ့ရာသီဥတုဆက်လက်ဖြစ်ပေါ်နေပြီး Fire Hotspot နှင့် မီးခိုးမြူငွေ့ ဖြစ်ပေါ်မှုပိုမိုများပြားလာနိုင်ကာ NOAA-20 ဂြိုဟ်တုမှ စောင့်ကြည့်လေ့လာမှုအရ မတ်လ ၂၅ ရက်နှင့် ၂၆ ရက်တို့မှာ မဲခေါင်ဒေသအတွင်း Fire Hotspot ၂,၈၀၆ ခုနှင့် ၃,၁၃၉ ခုဖြစ်ပေါ်ခဲ့ပြီး မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံတို့၏ နေရာအနှံ့အပြားမှာလည်း တွေ့ရှိခဲ့ရပါတယ်။ မဲခေါင်ဒေသခွဲတွင် အလယ်အလတ်မှ သိပ်သည်းတဲ့ မီးခိုးမြူငွေ့ဖြစ်ပေါ်မှုများကို လေ့လာတွေ့ရှိခဲ့ရ၍ လာမည့်သီတင်းပတ်များအတွင်း မဲခေါင်ဒေသခွဲ၏ နေရာအများစုတွင် မိုးခေါင်သောအခြေအနေများ ဆက်လက် တည်ရှိမည်ဟုခန့်မှန်းထားပြီး လေတိုက်ခတ်မှုများက အများအားဖြင့် တောင်ဘက်(သို့)အနောက် တောင်ဘက်မှ တိုက်ခတ်မယ်လို့ ခန့်မှန်းထားကာ Fire Hotspot များနှင့် မီးခိုးမြူငွေ့ဖြစ်ပေါ်မှု ပိုမိုဆိုးရွားလာနိုင်ပြီး မဲခေါင် ဒေသအတွင်း နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ဖြစ်ပေါ်မှုအန္တရာယ်ပိုမိုမြင့်တက်လာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ (NVS 004)

06 Apr

ADVERTISE HERE .