“နိုင်ငံတကာအဆင့်မီသင်ရိုးညွှန်းတမ်းများ အလုပ်သင်လေယာဉ်မှူးလေ့ကျင့်ရေးအစီအစဉ်ကို MAI နှင့် အင်ဒိုနီးရှားနိုင်ငံ Perkasa Flight School တို့ပူးပေါင်းဖွင့်လှစ်”

06 Apr

နိုင်ငံတကာအဆင့်မီ သင်ရိုးညွှန်းတမ်းများနဲ့သင်ကြားပေးတဲ့ အလုပ်သင်လေယာဥ်မှူးလေ့ကျင့်ရေး အစီအစဥ်ကို အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း (MAI) နှင့် အင်ဒိုနီးရှားနိုင်ငံအခြေစိုက် Perkasa Flight School တို့ပူးပေါင်းဖွင့်လှစ်ခဲ့ကြောင်း သိရပါတယ်။ အဆိုပါအစီအစဥ်ကို လေကြောင်းလုပ်ငန်းကဏ္ဍမှာဝါသနာပါပြီး ကျွမ်းကျင်လေယာဉ်မှူးတစ်ဦးအဖြစ် ရပ်တည်လိုသူများအတွက် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကာ စာတွေ့၊ လက်တွေ့ပျံသန်းမှုလေ့ကျင့်ခန်းနှင့် ပျံသန်းမှု သရုပ်ပြလေ့ကျင့်စက်၊ နည်းစနစ်ကျသော လေယာဉ်မှူးလေ့ကျင့်ရေးအစီအစဉ်များ၊ နိုင်ငံတကာအဆင့်မီ သင်ရိုး ညွှန်းတမ်းများနဲ့ စနစ်တကျသင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။ ဒါ့အပြင် သင်တန်းကာလအတွင်း စွမ်းဆောင်ရည်ထူးချွန်ကောင်းမွန်သော သင်တန်းသားများကို MAI လေကြောင်းလိုင်း၏ သတ်မှတ်ထားသော အလုပ်ခန့်အပ်ခြင်းဆိုင်ရာစည်းမျဉ်းစည်းကမ်းများနှင့်အညီ လေယာဉ်မှူး အဖြစ် ခန့်အပ်ရန် ဦးစားပေးစဉ်းစားသွားမည်ဖြစ်ကြောင်း သိရပါတယ်။ (NVS 004)

06 Apr

ADVERTISE HERE .