“တိုနယ်လီ က နယူးကာဆယ်အသင်း ချန်ပီယံလိဂ်ပြိုင်ပွဲ ဝင်ခွင့်နှင့်လွဲချော်ပါက အသင်းမှထွက်ခွာရန်ဆုံးဖြတ်”

04 Apr

နယူးကာဆယ်အသင်း ကွင်းလယ်ကစားသမား တိုနယ်လီ က လာမည့်နှစ်ဘောလုံးရာသီတွင် နယူးကာဆယ် အသင်း ချန်ပီယံလိဂ်ပြိုင်ပွဲ ဝင်ခွင့်နှင့်လွဲချော်မည်ဆိုပါက အသင်းမှထွက်ခွာရန် ဆုံးဖြတ်ထားကြောင်း Fotmob သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။ အသက် ၂၅ နှစ်အရွယ် တိုနယ်လီ ဟာ ၂၀၂၃ ခုနှစ်က အေစီမီလန်အသင်းမှ နယူးကာဆယ်အသင်းသို့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ပထမဆုံးဘောလုံးရာသီတွင် လောင်းကစားမှု၌ ပါဝင်ပတ်သက်ခဲ့တဲ့အတွက် ၁၀ လကြာ ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံခဲ့ရကာ ပွဲစဉ်အနည်းငယ်သာ ပါဝင်ကစားခဲ့ရပါတယ်။ သို့သော် တိုနယ်လီ အနေနဲ့ ပြီးခဲ့တဲ့ဘောလုံးရာသီက အသင်းနှင့်အတူ အကောင်းဆုံးခြေစွမ်းကို ပြသ နိုင်ခဲ့သလို ယခုနှစ်ဘောလုံးရာသီတွင်လည်း အကောင်းဆုံးခြေစွမ်းပြသနေပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် အကောင်းဆုံးကွင်းလယ် ကစားသမားများအနက် တစ်ဦးအဖြစ် အပါအဝင်ရပ်တည်နေသူဖြစ်ပါတယ်။ တိုနယ်လီ နှင့် နယူးကာဆယ်အသင်းတို့ စာချုပ်သက်တမ်းမှာ ၂၀၂၉ ခုနှစ်မှသာ ကုန်ဆုံးမှာဖြစ်သော်လည်း တိုနယ်လီ ကိုယ်တိုင်က လာမည့်ဘောလုံးရာသီတွင် ချန်ပီယံလိဂ်ပြိုင်ပွဲ ဝင်ခွင့်နှင့်လွဲချော်မည်ဆိုပါက စာချုပ် သက်တမ်းမကုန်ဆုံးမီ အသင်းမှထွက်ခွာရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး နယူးကာဆယ်အသင်းကလည်း ၎င်းကို မြင့်မားသည့်ပြောင်းရွှေ့ကြေးတစ်ရပ်ဖြင့် လက်လွှတ်သွားဖွယ်ရှိနေကြောင်း သိရပါတယ်။(NVS 008)

04 Apr

ADVERTISE HERE .