“ဂေါက်သီးရိုက်လောကမှ ခေတ္တအနားယူကြောင်း တိုက်ဂါးဝုဒ် ထုတ်ပြန်”
04 Apr
အမေရိကန် ဂေါက်သီးရိုက်ကစားသမား တိုက်ဂါးဝုဒ် က The Masters ဂေါက်သီးရိုက်ပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ရန် ပြင်ဆင်နေသော်လည်း ဒဏ်ရာအခြေအနေကြောင့် ဂေါက်သီးရိုက်လောကမှ ခေတ္တအနားယူမည်ဖြစ် ကြောင်း ထုတ်ပြန်ကြေညာခဲ့မှုကို Sky Sports သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ တိုက်ဂါးဝုဒ် ဟာ ပြီးခဲ့သောရက်ပိုင်းက ယာဉ်တိမ်းမှောက်မှုကြောင့် ရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းမှုမှ ပြန်လည်လွတ်မြောက်လာခဲ့ပြီးနောက် ဒဏ်ရာကို ရာနှုန်းပြည့်ကောင်းမွန်စေရန် အာရုံစိုက်လို၍ ဂေါက်သီးရိုက် လောကမှ ခေတ္တအနားယူရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပါတယ်။ တိုက်ဂါးဝုဒ် အနေနဲ့ The Masters ဂေါက်သီးရိုက်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် ပစ်မှတ်ထားနေပြီး ၎င်းအနေဖြင့် အဆိုပါပြိုင်ပွဲတွင် ချန်ပီယံဆုငါးကြိမ်ထိ ဆွတ်ခူးခဲ့ထားသူ ဖြစ်ပါတယ်။ တိုက်ဂါးဝုဒ် က "The Masters ဂေါက်သီးရိုက်ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် လိုအပ်တာတွေ ပြင်ဆင်ခဲ့သော်လည်း ဒဏ်ရာအခြေအနေက ပျောက်ကင်းသက်သာမှု မရှိသေးတဲ့အတွက် ပြိုင်ပွဲဝင်ဖို့ ခက်ခဲနေ ကြောင်းနဲ့ ဒဏ်ရာရာနှုန်းပြည့် ပျောက်ကင်းသက်သာဖို့အတွက်သာ အာရုံစိုက်သွားမှာဖြစ်ပြီး ဒါကြောင့် ဂေါက်သီးရိုက် လောကကနေ ခဏလောက် အနားယူဖို့ ဆုံးဖြတ်လိုက်ကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။(NVS 008)