“မန်ယူအသင်းက ဆင်မြူရယ်ဒါးလ် ကိုခေါ်ယူရန် စီစဉ်”
04 Apr
မန်ယူအသင်းက ဘင်ဖီကာအသင်း နောက်ခံကစားသမား ဆင်မြူရယ်ဒါးလ် ကိုခေါ်ယူရန် စီစဉ်လျက်ရှိကြောင်း သိရပါတယ်။ အသက် ၂၃ နှစ်အရွယ် နောက်ခံကစားသမား ဆင်မြူရယ်ဒါးလ် ဟာ ဘင်ဖီကာအသင်းနှင့်အတူ ယခုနှစ် ဘောလုံးရာသီတွင် ပြိုင်ပွဲစုံ ၄၆ ပွဲကစားပြီး နှစ်ဂိုးသွင်းယူကာ ခြေစွမ်းပြနိုင်ခဲ့ခြင်းကြောင့် မန်ယူအသင်းကခေါ်ယူရန် စီစဉ်လာခြင်း ဖြစ်ပါတယ်။ ဘင်ဖီကာအသင်းကလည်း ဆင်မြူရယ်ဒါးလ် အတွက် မြင့်မားတဲ့ပြောင်းရွှေ့ကြေးပေးချေမည့် မည်သည့် အသင်းကိုမဆို ရောင်းချသွားဖွယ်ရှိနေပါတယ်။(NVS 008)
04 Apr