“ဂါနာလက်ရွေးစင်အသင်းက နည်းပြ ဂျိုအာချင်လို ကို နည်းပြသစ်အဖြစ်ခန့်အပ်ရန် စီစဉ်”
04 Apr
ဂါနာလက်ရွေးစင်အသင်းက အသင်းနည်းပြသစ်အဖြစ် ဂျာမန်လူမျိုးနည်းပြ ဂျိုအာချင်လို ကိုခန့်အပ်ရန် စီစဉ်လျက်ရှိကြောင်း သိရပါတယ်။ အသက် ၆၆ နှစ်အရွယ် နည်းပြ ဂျိုအာချင်လို ဟာ နည်းပြဘဝတစ်လျှောက်တွင် ဖီနာဘာချီ၊ စတုဂတ်၊ ဂျာမနီလက်ရွေးစင်အသင်း စသည့်အသင်းများအပြင် အခြားအသင်းများစွာအားကိုင်တွယ်ပြီး အတွေ့အကြုံရှိသည့် နည်းပြတစ်ဦးဖြစ်ခြင်းကြောင့် ဂါနာလက်ရွေးစင်အသင်းက နည်းပြသစ်အဖြစ်ခန့်အပ်ရန် စီစဉ်လာခြင်းဖြစ်ပါတယ်။ နည်းပြ ဂျိုအာချင်လို ကလည်း လက်ရှိအချိန်မှာ အသင်းလက်မဲ့ဖြစ်နေခြင်းကြောင့် ဂါနာလက်ရွေးစင် အသင်းရဲ့ ကမ်းလှမ်းမှုကို လက်ခံသွားဖွယ်ရှိနေပါတယ်။(NVS 008)
04 Apr