“အင်ဒိုနီးရှားနိုင်ငံ၌ ပြင်းအား မဂ္ဂနီကျု ၇ ဒသမ ၆ အဆင့်ရှိ ငလျင်လှုပ်ခတ်”

03 Apr

အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်းမာလူကူဒေသ၌ ဧပြီလ ၂ ရက် နံနက်ပိုင်းတွင် ပြင်းအားမဂ္ဂနီကျု ၇ ဒသမ ၆ အဆင့်ရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း အင်ဒိုနီးရှား မိုးလေဝသ၊ ရာသီဥတုဗေဒနှင့် ဘူမိရူပဗေဒအေဂျင်စီက ပြောကြားသည်။ မြောက်ပိုင်းဆူလာဝေဆီပြည်နယ် မီနာဟာဆာဒေသရှိ အသက် ၇၀ အရွယ် ဒေသခံတစ်ဦးသည် ငလျင်လှုပ်ခတ်စဉ် အဆောက်အအုံပြိုကျခြင်းကြောင့် အပျက်အစီးများကြားတွင် ပိတ်မိသေဆုံးခဲ့ကြောင်း မြောက် ဆူလာဝေဆီပြည်နယ် ရှာဖွေကယ်ဆယ်ရေးတာဝန်ရှိသူများက ပြောကြားသည်။ မြောက်ဆူလာဝေဆီ ပြည်နယ် ဗီတန်မြို့နှင့်ပတ်ဝန်းကျင်ဒေသတွင် စက္ကန့် ၂၀ ကြာငလျင်လှုပ်ခတ်ခဲ့ကြောင်း အင်ဒိုနီးရှားနိုင်ငံ အမျိုးသားသဘာဝ ဘေးလျှော့ချရေးအေဂျင်စီက ပြောကြားသည်။ ငလျင်လှုပ်ခတ်မှုကြောင့်ဒေသခံများ အိမ်များမှပြေးထွက်လာခြင်းနှင့် အဆောက်အအုံ မျက်နှာကြက်များ ပျက်စီးခြင်းကို လူမှုမီဒီယာများတွင် ပြသခဲ့သည်။ ဒေသခံများနှင့် ကမ်းရိုးတန်းဒေသများတွင် နေထိုင်သူများအား ဘေးလွတ်ရာသို့ ပြောင်းရွှေ့ရန်တာဝန်ရှိသူများက ညွှန်ကြားခဲ့သည်ဟု ဆင်ဟွာသတင်းဌာနဖော်ပြချက်အရ သိရသည်။

03 Apr

ADVERTISE HERE .