“ရုရှားအစိုးရက ယူကရိန်းနိုင်ငံတွင် ယာယီအပစ်အခတ်ရပ်စဲရေးမဟုတ်ဘဲ ရေရှည်တည်တံ့သောငြိမ်းချမ်းရေးကို ရှာဖွေနေကြောင်း ကရင်မလင်ထုတ်ပြန်”
02 Apr
ရုရှားနိုင်ငံအနေဖြင့် ယူကရိန်းပဋိပက္ခတွင် ယာယီအပစ်အခတ်ရပ်စဲရေးကို လက်မခံဘဲ ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးရရှိရန် တိုက်တွန်းကြောင်း ကရင်မလင်နန်းတော်၏ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ်ကော့ဗ်က မတ်လ ၃၁ ရက်၌ ပြောကြားခဲ့သည်။ အီစတာပွဲတော်အခါသမယအတွင်း အပစ်အခတ်ရပ်စဲရေးအတွက် ယူကရိန်းနိုင်ငံသမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီး ၏ မတ်လ ၃၀ ရက်က အဆိုပြုချက်ကို တုံ့ပြန်သည့်အနေဖြင့် ပက်စ်ကော့ဗ် က ဇယ်လန်းစကီး ၏ အဆိုပြုချက်မှာ ရှင်းလင်းသော အစီအစဉ်တစ်ခုမဟုတ်ကြောင်း၊ ယူကရိန်းအတွက် ငြိမ်းချမ်းရေး၏တန်ဖိုးမှာ အချိန်နှင့်အမျှ တိုးလာမည်ဖြစ်သောကြောင့် အပစ်အခတ်ရပ်စဲရေးထက် ရေရှည်တည်တံ့သောငြိမ်းချမ်းရေး ဖြေရှင်းချက်ကို ချက်ချင်းလုပ်ဆောင်သင့်ကြောင်း ထောက်ပြခဲ့သည်။ “ဇယ်လန်းစကီး အနေနဲ့ တာဝန်ယူပြီး သင့်လျော်တဲ့ဆုံးဖြတ်ချက် ချရမယ်လို့ ကျွန်တော်တို့ ထပ်လောင်း ပြောကြားအပ်ပါတယ်၊ ဒါမှပဲ အပစ်အခတ်ရပ်စဲရေးတင်မဟုတ်ဘဲ ငြိမ်းချမ်းရေးကိုရရှိမှာပါ” ဟု ပက်စ်ကော့ဗ် က သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ ယူကရိန်းနိုင်ငံနှင့် ရုရှားနိုင်ငံ၌ ယခုနှစ်တွင် အော်သိုဒေါ့စ်အီစတာပွဲတော်ကို ဧပြီလ ၁၂ ရက်၌ ကျင်းပမည် ဖြစ်ကြောင်းသိရသည်။ (Repost from Xinhua Myanmar)