“ဂျပန်ဝန်ကြီးချုပ် တာကာချီဆာနေးနှင့် ပြစ်သစ်သမ္မတ မက်ခရွန်တို့တွေ့ဆုံ ဆွေးနွေး”

02 Apr

ဂျပန်ဝန်ကြီးချုပ် တာကာချီဆာနေး က ဂျပန်နိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသော ပြင်သစ်သမ္မတ မက်ခရွန် နှင့် ဧပြီလ ၁ ရက်တွင် တွေ့ဆုံဆွေးနွေးသည်။ တိုကျိုမြို့ရှိ နိုင်ငံတော်ဧည့်ဂေဟာတွင် ကိုယ်ပိုင် ကာကွယ်ရေးတပ်ဖွဲ့ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူပြီး ခေါင်းဆောင်နှစ်ဦး၏ဆွေးနွေးပွဲကို စတင်ခဲ့ခြင်း ဖြစ်သည်။ အီရန်ပဋိပက္ခကို ထိန်းချုပ်နိုင်စေရန်အတွက် ပြင်သစ်သမ္မတ မက်ခရွန် နှင့် အနီးကပ်ဆွေးနွေးခဲ့ကြောင်း ဂျပန်ဝန်ကြီးချုပ် တာကာချီဆာနေး က ပြောကြားသည်။ ပြင်သစ်နိုင်ငံက ဂျပန်နိုင်ငံနှင့်ဘုံတန်ဖိုးများနှင့် အခြေခံမူ များကို မျှဝေသည့် အထူးမိတ်ဖက်နိုင်ငံဖြစ်ပြီး ပစိဖိတ်ဒေသ၌ နယ်မြေများရှိသည့် အင်ဒို-ပစိဖိတ်နိုင်ငံလည်း ဖြစ်ကြောင်း ဂျပန်ဝန်ကြီးချုပ် တာကာချီဆာနေး က မှတ်ချက်ပြုခဲ့သည်။ ယူရို-အတ္တလန္တိတ်နှင့် အင်ဒို-ပစိဖိတ် ဒေသများ၏လုံခြုံရေးသည် နီးကပ်စွာ ချိတ်ဆက်နေကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားသည်။ အီရန်အပါအဝင် အရှေ့အလယ်ပိုင်းရှိအခြေအနေများသည် တိုကျိုနှင့်ပါရီတို့အတွက် အရေးကြီးသော စိန်ခေါ်မှုတစ်ရပ်ဖြစ်ကြောင်း ဂျပန်ဝန်ကြီးချုပ် တာကာချီဆာနေး က ပြောကြားသည်။ ဟော်မုဇ်ရေလက်ကြားတွင် ရေကြောင်းသွားလာမှု ဘေးကင်းရေးသေချာစေရန်၊ အရေးကြီးသော ပစ္စည်းများ အတွက် တည်ငြိမ်သော ထောက်ပံ့မှုများ ရရှိရေးနှင့်အခြေအနေတိုးမြင့်လာစေရန် အရေးကြီးကြောင်း ၎င်းက အလေးအနက်ပြောကြားသည်။ ဂျပန် နှင့်ပြင်သစ်တို့သည် ကာကွယ်ရေးလုံခြုံရေးနှင့် စီးပွားရေးလုံခြုံရေးအပါအဝင် နယ်ပယ်အသီးသီးတွင် ၎င်းတို့၏ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုကို ခိုင်မာစေမည်ဟု မျှော်လင့်ကြောင်း ဂျပန်ဝန်ကြီးချုပ်တာကာချီ ဆာနေးက ပြောကြားခဲ့ကြောင်း NHK သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။

02 Apr

ADVERTISE HERE .