“အရှေ့အလယ်ပိုင်းဒေသ တည်ငြိမ်အေးချမ်းရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ရုရှားသမ္မတနှင့် အီဂျစ် သမ္မတ ဆွေးနွေး”

01 Apr

အရှေ့အလယ်ပိုင်းဒေသ တည်ငြိမ်အေးချမ်းရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ရုရှားသမ္မတ ဗလာ ဒီမာပူတင် နှင့် အီဂျစ်သမ္မတ အဗ္ဗဒဲဖာတက်စ် အယ်လ်စီစီ တို့ကြား မတ်လ ၃၁ ရက်က ဖုန်းဖြင့်ဆွေးနွေးခဲ့ကြောင်း အီဂျစ်သမ္မတရုံးက ပြောကြားသည်။ အီဂျစ်အနေဖြင့် ဒေသတွင်း မိတ်ဖက်နိုင်ငံများနှင့်လက်တွဲ၍ အရှေ့အလယ်ပိုင်းဒေသတွင် တည်ငြိမ် အေးချမ်းမှုများရရှိရေးနှင့် တင်းမာမှုများလျှော့ချရေးအတွက် ဆောင်ရွက်နေကြောင်း အီဂျစ်သမ္မတ က ပြောကြား သည်။ အီဂျစ်နိုင်ငံ၏ ဆောင်ရွက်ချက်များအပေါ် ချီးကျူးဂုဏ်ပြုကြောင်းနှင့် အီဂျစ်အနေဖြင့် လက်ရှိအချိန်တွင် ဖြစ်နေသည့်ပဋိပက္ခများကို လျှော့ချနိုင်ပြီး တည်ငြိမ်အေးချမ်းမှုများ ပြန်လည်ရရှိရေးဆောင်ရွက်နိုင်မည်ဟု ယုံကြည်ကြောင်း ရှရှားသမ္မတ ဗလာဒီမာပူတင် က ပြောကြားသည်။ ထို့ပြင် ဂါဇာဒေသတွင် ဖြစ်နေသည့် လက်နက်ကိုင်ပဋိပက္ခများ ပြီးဆုံးရေးအတွက် ဆောင်ရွက်ရန်အပါအဝင် ဒေသတွင်း လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများရရှိရေးနှင့် ပြန်လည်ထူထောင်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း ဆင်ဟွာသတင်းဌာနဖော်ပြချက်အရ သိရသည်။

01 Apr

ADVERTISE HERE .