“အစ္စရေးလွှတ်တော်က ဘတ်ဂျက်အဆိုပြုချက် အတည်ပြု၊ ကာကွယ်ရေးဆိုင်ရာဘတ်ဂျက် စံချိန်သစ်တင်ခဲ့”
31 Mar
အစ္စရေးလွှတ်တော်သည် မတ်လ ၃၀ ရက်တွင် ၂၀၂၆ ခုနှစ် ဘတ်ဂျက်အဆိုပြုချက်ကို အတည်ပြုခဲ့ပြီး ကာကွယ်ရေးဆိုင်ရာ ဘတ်ဂျက်သည် စံချိန်သစ်တင်ခဲ့ကြောင်း The Times of Israel သတင်းဌာန၏ အဆိုပါနေ့ သတင်းဖော်ပြချက်အရ သိရသည်။ လွှတ်တော်သည် အစ္စရေးရှီးကယ် ၈၅၀ ဒသမ ၆ ဘီလီယံ(အမေရိကန်ဒေါ်လာ ၂၇၁ ဘီလီယံခန့်) တန်ဖိုးရှိ အသုံးစရိတ်ဥပဒေကြမ်းကို ထောက်ခံမဲ ၆၂ မဲ၊ ကန့်ကွက်မဲ ၅၅ မဲဖြင့် အတည်ပြုခဲ့ပြီး အစိုးရပြိုလဲမှုနှင့် ရွေးကောက်ပွဲ ကြိုတင်ကျင်းပခြင်း ဖြစ်နိုင်ခြေများကို ရှောင်ရှားခဲ့သည်ဟု သတင်းတွင်ဖော်ပြထားသည်။ ယင်းသည် အစ္စရေးသမိုင်းတွင် ပမာဏအားဖြင့် အကြီးမားဆုံးသော ဘတ်ဂျက်ဖြစ်ကြောင်း၊ ယင်းအနက် ကာကွယ်ရေးဝန်ကြီးဌာန ဘတ်ဂျက်သည် စံချိန်သစ်တင်ခဲ့ပြီး အစ္စရေးရှီကယ် ၁၄၂ ဘီလီယံ (အမေရိကန်ဒေါ်လာ ၄၅ ဒသမ ၃ ဘီလီယံခန့်) ကျော်လွန်ရန် ခန့်မှန်းရကြောင်း သတင်းတွင်ဖော်ပြထားသည်။ အစ္စရေးလွှတ်တော် ရွေးကောက်ပွဲကို ၂၀၂၆ ခုနှစ် အောက်တိုဘာလတွင် ကျင်းပရန် ခန့်မှန်းရကြောင်း သတင်းတွင်ဖော်ပြထားသည်။ (Repost from Xinhua Myanmar)