“ဩစတြေးလျနိုင်ငံ၌ စက်သုံးဆီအခွန် သုံးလတာ ထက်ဝက်လျှော့ချမည်”

31 Mar

ဩစတြေးလျနိုင်ငံ၌ လောင်စာဆီဈေးနှုန်းများ စံချိန်တင်မြင့်တက်မှုကို တုံ့ပြန်ရန် စက်သုံးဆီရောင်းချမှုအပေါ် အခွန်စည်းကြပ်မှုကို ထက်ဝက်လျှော့ချသွားမည်ဖြစ်ကြောင်း ဩစတြေးလျဝန်ကြီးချုပ် အန်တိုနီအယ်ဘာနီးစ်က မတ်လ ၃ဝ ရက်တွင် ကြေညာခဲ့သည်။ အယ်ဘာနီးစ်က ကင်ဘာရာမြို့၌ မတ်လ ၃၀ ရက် နံနက်ပိုင်းက ဝန်ကြီးချုပ်နှင့်ပြည်နယ်တာဝန်ရှိသူများ တွေ့ဆုံပြီးနောက် စက်သုံးဆီစည်းကြပ်ခွန်ကို ဧပြီလ ၁ ရက်မှစ၍ သုံးလ တာအထိ လျှော့ချသွားမည်ဖြစ်ကြောင်း သတင်းထောက်များကို ပြောကြားခဲ့သည်။ အရှေ့အလယ်ပိုင်းပဋိပက္ခများ ကြောင့် စက်သုံးဆီဈေးနှုန်းများ မြင့်တက်နေချိန်တွင် ဓာတ်ဆီနှင့်ဒီဇယ်ဆီ၏ကုန်ကျစရိတ်ကို တစ်လီတာလျှင် ၂၆ ဒသမ ၃ ဆင့်အထိ ကနဦး လျှော့ချသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ နိုင်ငံတစ်ဝန်း ပျမ်းမျှစက်သုံးဆီဈေးနှုန်းမှာ မတ်လ ၂၉ ရက်အထိ ရက်သတ္တပတ်အတွင်း တစ်လီတာလျှင် ဩစတြေးလျဒေါ်လာ ၂ ဒသမ ၅၃ ဒေါ်လာ (အမေရိကန်ဒေါ်လာ ၁ ဒသမ ၇၃ ဒေါ်လာခန့် နောက်ဆုံးထုတ်ပြန်သည့် အချက်အလက်များ) စံချိန်တင်မြင့်တက်ခဲ့ကြောင်း ဩစတြေးလျရေနံအဖွဲ့အစည်း (AIP) က အရ သိရသည်။ အဆိုပါ စက်သုံးဆီဈေးနှုန်းမှာ ပြီးခဲ့သည့် ရက်သတ္တပတ်က ဩစတြေးလျဒေါ်လာ ၂ ဒသမ ၃၈ ဒေါ်လာရှိရာမှ ၆ ဒသမ ၃ ရာခိုင်နှုန်းမြင့်တက်လာခြင်းဖြစ်သည်။ နိုင်ငံ၏ ပျမ်းမျှဒီဇယ်ဆီဈေးနှုန်းမှာလည်း အလားတူကာလအတွင်း တစ်လီတာလျှင် ဩစတြေးလျဒေါ်လာ ၃ ဒသမ ၁ မှ ၉ ဒသမ ၇ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ကြောင်း သိရသည်ဟု ဆင်ဟွာသတင်းဌာနဖော်ပြချက်အရ သိရသည်။

31 Mar

ADVERTISE HERE .