“Valspar Championship ဂေါက်သီးရိုက်ပြိုင်ပွဲ တတိယနေ့အပြီးတွင် ဆန်ဂျေအင်က အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်”

23 Mar

အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်မှာ ကျင်းပနေတဲ့ Valspar Championship ဂေါက်သီးရိုက်ပြိုင်ပွဲ တတိယနေ့အပြီးမှာ တောင်ကိုရီယားဂေါက်သီးရိုက် ကစားသမား ဆန်ဂျေအင် က စုစုပေါင်းသတ်မှတ်ရိုက်ချက်ထက် ၁၁ ချက်လျော့ရိုက်ကာ အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်နေကြောင်း Golf Magic သတင်းဌာနကနေ သိရပါတယ်။ အမေရိကန်ဂေါက်သီးရိုက်ကစားသမားများ ဖြစ်ကြတဲ့ စနိဒီကာ နှင့် လစ္စကိုင်း တို့က စုစုပေါင်း သတ်မှတ်ရိုက်ချက်ထက် ကိုးချက်စီလျော့ရိုက်ကာ အမှတ်ပေးဇယား၏ ဒုတိယနေရာမှာ ပူးတွဲရပ်တည်နေပြီး အင်္ဂလန်ဂေါက်သီးရိုက် ကစားသမားများ ဖြစ်ကြသည့် ပန်ဂီနှင့် ဖစ်ဇ်ပက်ထရစ်တို့က စုစုပေါင်းသတ်မှတ် ရိုက်ချက်ထက် ရှစ်ချက်စီလျော့ ရိုက်ကာ အမှတ်ပေးဇယား၏ တတိယနေရာတွင် ပူးတွဲရပ်တည်နေကြကြောင်း သိရပါတယ်။ (NVS 008)

23 Mar

ADVERTISE HERE .