“ Australian WPGA Championship ချန်ပီယံဆုကို ဩစတြေးလျဂေါက်သီးရိုက်မယ် ဟန်နာဂရင်း ဆွတ်ခူး”

23 Mar

ဩစတြေးလျနိုင်ငံ ကွင်းစလန်း ပြည်နယ်တွင် ကျင်းပခဲ့သည့် Australian WPGA Championship ဂေါက်သီးရိုက် ပြိုင်ပွဲတွင် ဩစတြေးလျ ဂေါက်သီးရိုက်မယ် ဟန်နာဂရင်းက စုစုပေါင်းသတ်မှတ် ရိုက်ချက်ထက် ၁၆ ချက်လျော့ရိုက်ကာ ချန်ပီယံဆုကို ဆွတ်ခူးခဲ့ပါတယ်။ တောင်အာဖရိက ဂေါက်သီး ရိုက်မယ် ကက်စန်ဒရာ နှင့် ဂျာမနီဂေါက်သီးရိုက်မယ် ဖော်စတာလင်းတို့က စုစုပေါင်းသတ်မှတ်ရိုက်ချက် ထက် ၁၂ ချက်စီလျော့ရိုက်ကာ အမှတ်ပေးဇယား၏ ဒုတိယနေရာ တွင် ပူးတွဲရပ်တည်ခဲ့ကြပြီး အင်္ဂလန်ဂေါက်သီးရိုက်မယ် မက်လာရင်က စုစုပေါင်းသတ်မှတ်ရိုက် ချက်ထက် ၁၀ ချက် လျော့ရိုက်ကာအမှတ်ပေးဇယား၏ တတိယ နေရာတွင် ရပ်တည်ခဲ့ပါတယ်။ ဟန်နာရင်းသည် မကြာသေးမီက ဩစတြေးလျအိုးပင်း ဂေါက်သီးရိုက်ပြိုင်ပွဲတွင် ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ပြီးနောက် မွေးရပ်မြေတွင် ကျင်းပသည့် ပြိုင်ပွဲနှစ်ရပ်ဆက် ချန်ပီယံဆုကို ဆကလ်ကဆွတ်ခူး နိုင်ခဲ့ခြင်းလည်းဖြစ်ပါတယ်။ (NVS 008)

23 Mar

ADVERTISE HERE .