“ပီအက်စ်ဂျီအသင်းနှင့်ပွဲစဉ်မှာ အီဆက် ပြန်လည်ပါဝင်နိုင်”

23 Mar

ဒဏ်ရာမှပြန်လည်သက်သာလာခဲ့တဲ့ လီဗာပူးအသင်း တိုက်စစ်မှူး အီဆက် အနေနဲ့ ပီအက်စ်ဂျီအသင်းနှင့် ကစားမယ့်ပွဲစဉ်မှာ ပြန်လည်ပါဝင်ကစားနိုင်မယ်လို့ နည်းပြ အာနယ်စလော့ က အတည်ပြုပြောကြားခဲ့ပါတယ်။ အီဆက် က ပြီးခဲ့သည့် နွေရာသီ ကစားသမားအပြောင်း အရွှေ့ကာလက နယူးကာဆယ်အသင်းမှ ယူရို သန်း ၁၂၀ ဖြင့် ပြောင်းရွှေ့ခဲ့ပြီး ယခုနှစ် ဘောလုံးရာသီတွင် ဒဏ်ရာပြဿနာများနှင့်ရုန်းကန်နေရသူဖြစ်ပါတယ်။ အီဆက် ဟာ ပြီးခဲ့တဲ့နှစ် ဘောလုံးရာသီက နယူးကာဆယ်အသင်းနှင့်အတူ ပြိုင်ပွဲစုံ ၄၂ ပွဲတွင် ဂိုးဖန်တီးမှု သွင်းဂိုး ၂၇ ဂိုးနှင့် ခြောက်ကြိမ်ထိ ပြုလုပ်နိုင်ခဲ့ပေမယ့် လက်ရှိ လီဗာပူးအသင်းတွင် ခြေစွမ်းပြသနိုင်ရန် ရုန်းကန်နေရပြီး ပြိုင်ပွဲစုံ ၁၆ ပွဲမှာ သွင်းဂိုးသုံးဂိုး နှင့် ဂိုးဖန်တီးမှု တစ်ကြိမ်သာ ပြုလုပ်ထားပါတယ်။ လာမယ့် ဧပြီလ ၉ ရက်မှာ ချန်ပီယံလိဂ်ပြိုင်ပွဲ ကွာတားဖိုင်နယ်အဆင့် ပထမအကျော့ပွဲစဉ်အဖြစ် လီဗာပူးအသင်းက ပီအက်စ်ဂျီအသင်းကို အိမ်ကွင်း အန်ဖီးလ်လက်ခံကစားရမှာ ဖြစ်ပါတယ်။ (NVS 008)

23 Mar

ADVERTISE HERE .