“ မက်ဂွဲယား၏ အနီကတ်ပြစ်ဒဏ် အယူခံတင်သွင်းမယ့် မန်ယူအသင်း”
23 Mar
မန်ယူအသင်းက မက်ဂွဲယား၏ အနီကတ်ပြစ်ဒဏ်နှင့် ကွင်းလယ်ဒိုင်၏ ဆုံးဖြတ်ချက်အတွက် အင်္ဂလန် ဘောလုံးအဖွဲ့ ချုပ်(အက်ဖ်အေ)ထံ အယူခံတင်သွင်းမည်ဖြစ်ကြောင်း သိရပါတယ်။ ပရီးမီးယားလိဂ်ပြိုင်ပွဲပွဲစဉ် (၃၁)အဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ ဘုန်းမောက်အသင်းနှင့် မန်ယူအသင်းတို့ရဲ့ နှစ်ဂိုးစီ သရေကျခဲ့တဲ့ပွဲစဉ်မှာ ကွင်းလယ်ဒိုင်က သံသယဖြစ်ဖွယ် ဆုံးဖြတ်ချက်များ ချမှတ်ခဲ့တဲ့အပြင် မန်ယူအသင်း ခံစစ်ကစားသမား မက်ဂွဲယား ကို တိုက်ရိုက်အနီကတ်ဖြင့် ထုတ်ပယ်ခဲ့ပြီး ပင်နယ်တီပြစ်ဒဏ်ပါသတ်မှတ်ပေးခဲ့တဲ့ အတွက် မန်ယူအသင်းအနေနဲ့ အက်ဖ်အေထံ အယူခံတင်သွင်းရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပါတယ်။ အဆိုပါပွဲစဉ် ပွဲချိန် ၇၈ မိနစ်မှာ မန်ယူအသင်းမှ မက်ဂွဲယား သည် ဘုန်းမောက်အသင်းမှ အီဗင် နယ်ဆင်ကို ပင်နယ်တီဧရိယာ အတွင်း ဆွဲလှဲခဲ့သည့်အတွက် ကွင်းလယ်ဒိုင်က မက်ဂွဲယားကို တိုက်ရိုက်အနီကတ်ပြထုတ်ပယ်ခဲ့ သည့်အပြင် ဘုန်းမောက်အသင်း ကိုလည်း ပင်နယ်တီသတ်မှတ်ပေးခဲ့ခြင်းဖြစ်ပါတယ်။ (NVS 008)