“အီဇီ ရဲ့နေရာမှာ အစားထိုးရန် ဟာဗေးဘန်းစ် ကို ခေါ်ယူခဲ့တဲ့ သောမတ်စ်တူချဲလ်”

23 Mar

အင်္ဂလန်အသင်းနည်းပြ သောမတ်စ်တူချဲလ် ဟာ ဒဏ်ရာရနေတဲ့ အာဆင်နယ်ကစားသမား အီဇီ ရဲ့ နေရာမှာ နယူးကာဆယ်အသင်းကစားသမား ဟာဗေးဘန်းစ် ကို အစားထိုးခေါ်ယူဖို့ စီစဉ်ထားကြောင်း သိရပါတယ်။ အီဇီ ဟာ လေဗာကူဆင်နဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ချန်ပီယံလိဂ်(၁၆)သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်မှာ ဒဏ်ရာရခဲ့တာဖြစ်ပြီး လိဂ်ဖလားဗိုလ်လုပွဲကို လွဲချော်ခဲ့ရပါတယ်။ အီဇီ ရဲ့ဒဏ်ရာက ပြင်းထန်ခြင်းမရှိပေမယ့် အင်္ဂလန်လက်ရွေးစင်အသင်းလူစာရင်းက နုတ်ထွက်ဖို့ အလားအလာများနေတာကြောင့် သောမတ်စ်တူချဲလ် က ဟာဗေးဘန်းစ် ကို အစားထိုးခေါ်ယူဖို့ စီစဉ်ခြင်းဖြစ်ကြောင်း သိရပါတယ်။ ဟာဗေးဘန်းစ် ဟာ ၂၀၂၀ ခုနှစ်တုန်းက အင်္ဂလန်လက်ရွေးစင်အသင်းအတွက် တစ်ပွဲသာ ကစားခဲ့ဖူးသူဖြစ်ပြီး စကော့တလန်အသင်းက သူ့ကို ရွေးချယ်ဖို့ ကြိုးပမ်းခဲ့ပေမယ့် ငြင်းပယ်ခဲ့သူ ဖြစ်ပါတယ်။ (NVS 008)

23 Mar

ADVERTISE HERE .