“ဆန်ပြည်ပတင်ပို့မှု လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ”

12 Mar

ရန်ကုန်မြို့၊ Park Royal Hotel မှာ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ ပို့ကုန်မြှင့်တင်ရေးလုပ်ငန်းကော်မတီ နှင့် အသင်းဝင် Rice Exporter ကုမ္ပဏီများပူးပေါင်းပြီး ဆန်ပြည်ပတင်ပို့မှု လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ အစည်းအဝေးမှာ ၂၀၂၅ -၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ဆန်တင်ပို့မှု အခြေအနေများ၊ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် အတွက် ပို့ကုန်လျာထားချက်များ၊ ပို့ကုန်မြှင့်တင်ရေး လုပ်ငန်းစဉ်များ၊ Export လုပ်ငန်းမှာ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုများနှင့် အခက်အခဲများကို ဆွေးနွေးခဲ့ကြကြောင်း သိရပါတယ်။ တက်ရောက်သူများမှ အတွေ့အကြုံများကို မျှဝေပြီး မေးမြန်းဆွေးနွေးခြင်းများကို အသင်းချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ရှင်းလင်းဆွေးနွေးဖြေရှင်းခဲ့ကြကြောင်းလည်း သိရပါတယ်။ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၏ အဆိုအရ ၂၀၂၅ - ၂ ၀၂၆ ဘဏ္ဍာနှစ်အတွင်းဆန်တင်ပို့မှုက မတ်လ ၁၀ ရက်အထိ တန်ချိန် ၂,၅၀၆,၀၅၀ မက်ထရစ်တန် တင်ပို့ထားပြီး ယခင်ဘဏ္ဍာနှစ်နှင့်နှိုင်းယှဉ်ပါက ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ယခုဘဏ္ဍာနှစ်ကုန်မတိုင်မီ တတ်နိုင်သမျှ ပို့ကုန်မြှင့်တင်ဆောင်ရွက်နိုင်ရန် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုများအရ အထူးဦးစားပေးဆောင်ရွက်နေကြောင်း သိရပါတယ်။ (NVS 004)

12 Mar

ADVERTISE HERE .