“ရန်ကုန်တိုင်းဒေသကြီး အသက်မွေးဝမ်းကျောင်း ပညာသင်စရိတ်ချီးမြှင့်ငွေပေးအပ်ခြင်း အခမ်းအနားကျင်းပ”

12 Mar

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် အသက်မွေးဝမ်းကျောင်း ပညာသင်စရိတ်ချီးမြှင့်ငွေပေးအပ်ခြင်းအခမ်းအနားကို မတ်လ ၁၀ ရက်နံနက်ပိုင်းက ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမ(ငယ်)မှာ ကျင်းပခဲ့ပါတယ်။ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးဌာန ဆိုင်ရာအကြီးအကဲများ၊ ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီအဖွဲ့ဝင်များ၊ ပုံမှန်ပညာမသင်ယူနိုင်သော ထိခိုက်လွယ်အုပ်စုတွင်ပါဝင်တဲ့ လူငယ်လူရွယ်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။ ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက အဖွင့်အမှာစကားပြောကြားရာမှာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအနေနဲ့ လူငယ်များအသက်မွေးဝမ်း ကျောင်းပညာရေးကဏ္ဍမှာ အနာဂတ်ဖွံ့ဖြိုးမှုအလားအလာကောင်းများကို ဆောင်ရွက်ထားရှိမှုအခြေအနေနဲ့ ပုံမှန် ပညာမသင်ယူနိုင်သော ထိခိုက်လွယ်အုပ်စုမှာပါဝင်တဲ့ လူငယ်လူရွယ်များကို အသက်မွေးဝမ်းကျောင်း ပညာသင်ကြား နိုင်ရန် ပညာသင်စရိတ်ချီးမြှင့်ငွေများကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ၂၂ ဦးနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ၇ ဦး စုစုပေါင်း ၂၉ ဦးတို့ကို ပေးအပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ အဲဒီနောက် ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များက အသက်မွေးဝမ်းကျောင်းပညာသင်စရိတ် ချီးမြှင့်ငွေများကို မြို့နယ်များမှ ပုံမှန်ပညာမသင်ယူနိုင်သော ထိခိုက်လွယ်အုပ်စုမှာပါဝင်တဲ့ လူငယ်လူရွယ်များကို အသီးသီးပေးအပ်ခဲ့ကြပါတယ်။ ဆက်လက်၍ ပုံမှန်ပညာမသင်ယူနိုင်သော ထိခိုက်လွယ်အုပ်စုမှာပါဝင်တဲ့ လူငယ်လူရွယ်များကိုယ်စား လူငယ်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါတယ်။ အဲဒီနောက် ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာ ကော်မတီဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့က တက်ရောက်လာကြသူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သိရပါတယ်။

12 Mar

ADVERTISE HERE .