“(၈၁) နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆိုလာစနစ်နဲ့ ငမိုးရိပ် လျှပ်စစ်မြစ်ရေတင်နှင့် ကျေးရွာမီးလင်းရေးစီမံကိန်း ဖွင့်ပွဲအခမ်းအနားကျင်းပ”
12 Mar
(၈၁) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆိုလာစနစ်နဲ့ ငမိုးရိပ်လျှပ်စစ် မြစ်ရေတင် နှင့် ကျေးရွာမီးလင်းရေးစီမံကိန်းဖွင့်ပွဲအခမ်းအနားကို မတ်လ ၁၀ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ မုဆိုးညောင်ပင်ကျေးရွာမှာ ကျင်းပခဲ့ရာ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်သူများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။ ဆိုလာစနစ်နဲ့ ငမိုးရိပ်လျှပ်စစ်မြစ်ရေတင်နှင့် ကျေးရွာမီးလင်းရေးစီမံကိန်းဖွင့်ပွဲကို ရန်ကုန်တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကျော်နိုင်ဦး၊ လှည်းကူးခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဝင်းလှိုင်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပါတယ်။ ယခုတည်ဆောက်ဖွင့်လှစ်တဲ့ ငမိုးရိပ်ဆိုလာရေတင်လုပ်ငန်းမှာ မူလက 250 Kw မော်တာနှင့် ၄၀ ကျူဆက်ပန့် ၆ စုံကိုတပ်ဆင်ပြီး မဟာဓာတ်အားလိုင်းမှ လျှပ်စစ်နဲ့ရေပေးဝေခဲ့ရာမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်မှာ 720 W ဆိုလာ အချပ်ရေ ၁,၀၇၈ ချပ် ၁၄ ချပ် String ၇၇ ခုကိုတပ်ဆင်၍ ရေမောင်း နှင်ရန်အတွက် (0.4/11 kV) 110 kW Ongrid Inverter ၇ လုံးမှ 750 Kw ကိုထုတ်လုပ်ရာ 750 KVA Step-up Transformer ၁ လုံးနဲ့ မီးအားမြှင့်တင်ပြီး (250 Kw) မော်တာနှင့် ၄၀ ကျူဆက်ပန့် ၆ စုံတို့ကိုနေ့အချိန်မှာ လျှပ်စစ်+ ဆိုလာစနစ်နဲ့ စုစုပေါင်း ၃,၄၅၄ ဧကကို ရေပေးဝေနိုင်မည်ဖြစ်ကြောင်းနှင့် စိုက်ပျိုးရေထပ်မံလိုအပ်ပါက ညပိုင်းမှည လျှပ်စစ်ဓာတ်အားဖြင့် မောင်းနှင်၍ ပေးဝေနိုင်မည်ဖြစ်ကြောင်း သိရပါတယ်။ (NVS 004)