“ယူအေအီးနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားများ နေရပ်ပြန်လိုပါက ဆက်သွယ်ဆောင်ရွက်နိုင်”
10 Mar
ယူအေအီးနိုင်ငံရှိ မြန်မာနိုင်ငံသားများအနေနဲ့ မိမိနေရပ်နိုင်ငံသို့ အကြောင်းအမျိုးမျိုးနဲ့ ပြန်လည် ထွက်ခွာလိုပါက သံရုံးသို့ ဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်း အဘူဒါဘီမြို့ရှိ မြန်မာသံရုံးက မတ်လ ၆ ရက်က ထုတ်ပြန်အသိပေးထားပါတယ်။ လက်ရှိအရှေ့အလယ်ပိုင်းဒေသတွင်း ဖြစ်ပွားလျက်ရှိတဲ့ အခြေအနေများကြောင့် ယူအေအီးနိုင်ငံမှာ ရောက်ရှိနေသော မြန်မာနိုင်ငံသားများအနေနဲ့ နေရပ်သို့ ပြန်လည်ထွက်ခွာနိုင်ရန်အတွက် ချိတ်ဆက်ဆောင်ရွက် ခဲ့ပါတယ်။ အပြည်ပြည်ဆိုင်ရာမြန်မာ့လေကြောင်းလိုင်း (Myanmar Airways International - MAI) မှ ယူအေအီးနိုင်ငံ မြို့ပြလေကြောင်းအာဏာပိုင်နှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ခဲ့မှုအရ ရန်ကုန်-ဒူဘိုင်း-ရန်ကုန် ခရီးစဉ်ကို မတ်လ ၆ ရက် ကနေ စတင်ပြေးဆွဲခွင့်ရရှိခဲ့ပါတယ်။ မတ်လ ၈ ရက်၊ ၁၁ ရက် နှင့် ၁၃ ရက် များမှာ MAI လေကြောင်းလိုင်းက ပျံသန်းပြေးဆွဲရန်ရှိသလို အခြားလေကြောင်းလိုင်းများလည်း ပုံမှန်ပြန်လည်ပြေးဆွဲနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိလို့ သိရပါတယ်။ ဒါကြောင့် အကြောင်းအမျိုးမျိုးကြောင့် နေရပ်ပြန်လိုတဲ့ မြန်မာနိုင်ငံသားများအနေနဲ့ သက်ဆိုင်ရာ လေကြောင်းလိုင်းမှ လေယာဉ်လက်မှတ်ဝယ်ယူရာမှာ အခက်အခဲတစ်စုံတစ်ရာရှိခဲ့ပါက သံရုံးသို့ဆက်သွယ် ဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်း အသိပေးထားပါတယ်။ (NVS 008)