“ဆန်ဈေးနှုန်းတည်ငြိမ်စေရန် ဆန်အမျိုးအစားငါးမျိုးကို အိမ်အရောက်ပို့စနစ်ဖြင့် ရောင်းချပေးမည်”
05 Mar
ဆန်ဈေးနှုန်းတည်ငြိမ်စေရေးအတွက် ဆန်ချော၊ ဆန်ကြမ်းအမျိုးအစားငါးမျိုးကို ယခုမတ်လအတွင်း အိမ်အရောက်ပို့စနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းမှ သိရပါတယ်။ အဆိုပါအစီအစဉ်ကို မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းတို့ ပူးပေါင်း၍ ပြုလုပ်ပေးခြင်းဖြစ်ပြီး ရွှေဘိုပေါ်ဆန်း ၂၄ ပြည်တစ်အိတ်လျှင် ငွေကျပ် ၁၆၅,ဝဝဝ၊ ဧရာဝတီပေါ်ဆန်း (ကျားပျံ) ၂၄ ပြည် တစ်အိတ်လျှင် ငွေကျပ် ၁၄၀,၀၀ဝ၊ ဧရာဝတီပေါ်ဆန်း(နယ်စုံ) ၂၄ ပြည်တစ်အိတ်လျှင် ငွေကျပ် ၁၁၂,၀၀၀၊ ရက်-၉၀ ဆန် ၂၄ ပြည် တစ်အိတ်လျှင် ငွေကျပ် ၇၅,ဝဝဝ နှင့် ဧည့်မထ(၁၅ မှတ်)ဆန် ၂၄ ပြည်တစ်အိတ် လျှင် ငွေကျပ် ၅၆,၀၀ဝ နှုန်းထားများဖြင့် ရောင်းချပေးသွားမှာဖြစ်ပါတယ်။ ဝယ်ယူလိုသူများအနေနဲ့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဖုန်း ၀၉-၄၀ဝ၀၆၇၂၅၀ နှင့် ၀၉-၄၀ဝ၀၆၇၂၆၀ တို့သို့ဆက်သွယ်၍ ငွေပေးသွင်းဝယ်ယူနိုင်ပါတယ်။ မှာယူမှုများအတွက် ငွေပေးချေပြီးသုံးရက်အတွင်း အိမ်အရောက်ပို့ စနစ်ဖြင့် ပို့ဆောင်ပေးသွားမယ်လို့ သိရပါတယ်။ (NVS-004)