“Sun Outage ဖြစ်စဉ်ကြောင့် ရုပ်သံထုတ်လွှင့်မှုများ မိနစ်ပိုင်းခန့်ပြတ်တောက်နိုင်”

05 Mar

နေ၊ ဂြိုဟ်တုနှင့် ဂြိုဟ်တုစလောင်း (TVRO)တို့ တစ်တန်းတည်းကျရောက်ချိန်တွင် Sun Outage ဖြစ်ပေါ်ပြီး ထိုကဲ့သို့ဖြစ်ပေါ်ချိန်မှာ ဂြိုဟ်တုမှပေးပို့ထုတ်လွှင့်နေသော အရုပ်အသံအချက်အလက်များ ခေတ္တယာယီ ပြတ်တောက် နိုင်ကြောင်း သိရပါတယ်။ အဆိုပါ Sun Outage ဖြစ်စဉ်မှာ နှစ်စဉ်ကြုံတွေ့ရလေ့ရှိသည့် သဘာဝဖြစ်စဉ်တစ်ခုဖြစ်ပြီး နှစ်စဉ် မတ်လတွင် ၁ ကြိမ်၊ စက်တင်ဘာလကုန်နှင့် အောက်တိုဘာလဆန်းတို့တွင် ၁ ကြိမ် ကြုံတွေ့ရလေ့ရှိပါတယ်။ ၎င်းဖြစ်စဉ်သည် ထုတ်လွှင့်တဲ့ ဂြိုဟ်တု၊ ဖမ်းယူတဲ့ ဂြိုဟ်တုစလောင်း(TVRO)အရွယ်အစားနှင့် တည်နေရာအပေါ်မူတည်၍ ဖြစ်စဉ် ဖြစ်တဲ့အချိန်၊ Signal ပြတ်တောက်မှုကြာချိန်တို့ ကွာခြားမှုရှိပါတယ်။ Sun Outage ဖြစ်စဉ်ကြောင့် Thaicom 6 ဂြိုဟ်တုကိုအသုံးပြု၍ ထုတ်လွှင့်နေသော မြန်မာ့အသံနှင့် ရုပ်မြင်သံကြား TV အစီအစဉ်များနှင့် Radio အစီအစဉ်များသည် မတ်လ ၆ ရက်မှ ၁၇ ရက်အထိ နေ့စဉ် (၁)မိနစ်မှ (၁၈) မိနစ်ခန့်အထိ Signal ပြတ်တောက်မှုဖြစ်ပေါ်နိုင်ကြောင်း သိရပါတယ်။ (NVS-004)

05 Mar

ADVERTISE HERE .