“မက်ကန်နီး ကို ၂၀၃၀ ခုနှစ်အထိ စာချုပ်သစ်ချုပ်ဆိုခဲ့တဲ့ ဂျူဗင်တပ်စ်အသင်း”
05 Mar
ဂျူဗင်တပ်စ်အသင်းဟာ ကွင်းလယ်လူ မက်ကန်နီး ကို ၂၀၃၀ ခုနှစ်အထိ စာချုပ်သစ်ချုပ်ဆိုခဲ့တယ်လို့ အတည်ပြုကြေညာခဲ့ပါတယ်။ အီတလီ၊ စပိန်၊ အမေရိကန်နဲ့ အင်္ဂလန်ကလပ်တွေက မက်ကန်နီး ရဲ့အခြေအနေကို စောင့်ကြည့်ခဲ့ကြပေမယ့် မက်ကန်နီး က အသင်းမှာ ဆက်ရှိနေဖို့ဆုံးဖြတ်ခဲ့ပါတယ်။ မက်ကန်နီး အနေနဲ့ စာချုပ်သစ်အရ အခွန်ဆောင်အပြီး တစ်နှစ် ယူရို ခုနစ်သန်းခန့်ရရှိမယ်လို့ ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့် စာချုပ်သစ်မှာတော့ တစ်နှစ်သက်တမ်းတိုးခွင့်အချက် မပါဝင်ကြောင်း သိရပါတယ်။ မက်ကန်နီး ဟာ လက်ရှိနည်းပြ စပယ်လက်တီ ရဲ့အကြိုက်ဆုံးကစားသမားတစ်ဦး ဖြစ်နေပြီး အသင်းရဲ့ အဓိကတိုက်စစ်မှူး ဖြစ်လာခဲ့ပါတယ်။ ၂၀၂၀ သြဂုတ်လမှာ ဂျူဗင်တပ်စ်ကို ရောက်လာတဲ့ မက်ကန်နီး ဟာ အသင်းအတွက် ပြိုင်ပွဲစုံ ပွဲ ၂၂၀ ကစားကာ ၂၆ ဂိုးသွင်း၊ ၂၆ ဂိုးဖန်တီးပေးထားပါတယ်။ (NVS 008)
05 Mar