“လီယိုနာဒိုယာဒင် ကို အစားထိုးခန့်အပ်ခဲ့တဲ့ ဖလာမင်ဂိုအသင်း”

05 Mar

ဖလာမင်ဂိုအသင်းက နည်းပြ ဖိလစ်ပီလူးဝစ်ကို ရာထူးက ထုတ်ပယ်ခဲ့ပြီးနောက် ပေါ်တူဂီနည်းပြ လီယိုနာဒိုယာဒင်ကို အစားထိုးခန့်အပ်ဖို့ သဘောတူညီမှု ရရှိခဲ့ပြီလို့ သိရပါတယ်။ ယာဒင် ဟာ ကလပ်အသင်းများစွာကို ကိုင်တွယ်ခဲ့ဖူးသူဖြစ်ပြီး နောက်ဆုံးကိုင်တွယ်ခဲ့တာကလည်း ဘရာဇီးလ်ကလပ် ခရူဇီယိုအသင်း ဖြစ်ပါတယ်။ ဖလာမင်ဂိုအသင်းက ယာဒင် ကို ၂၀၂၇ ခုနှစ်အထိ စာချုပ်ချုပ် ဆိုမယ်လို့ သိရပါတယ်။နည်းပြ‌ဟောင်း ဖိလစ်ပီလူးဝစ် ဟာ ဖလာမင်ဂိုးအသင်းကို ပွဲ ၁၀၀ ကိုင်တွယ်ရာမှာ ဆုဖလား ခုနစ်လုံး ရယူပေးခဲ့ပြီး ပျမ်းမျှ ၁၄ ပွဲတိုင်းမှာ ဖလားတစ်လုံး ရယူပေးနိုင်တဲ့မှတ်တမ်းကို ရရှိခဲ့ပါတယ်။ (NVS 008)

05 Mar

ADVERTISE HERE .