“မြန်မာ ယူ- ၁၇ အသင်းနဲ့ အိန္ဒိယ ယူ- ၁၇ အသင်းတို့ ဒုတိယမြောက်ခြေစမ်းပွဲကစားမယ်”
05 Mar
မြန်မာယူ- ၁၇ အသင်းနဲ့ အိန္ဒိယယူ- ၁၇ အသင်းတို့ဟာ မတ်လ ၅ ရက် ညနေ ၆ နာရီမှာ ဒုတိယခြေစမ်းပွဲ ဆက်လက်ယှဥ်ပြိုင်ကစားသွားမှာ ဖြစ်ပါတယ်။ မြန်မာ ယူ- ၁၇ အသင်းနဲ့ အိန္ဒိယ ယူ- ၁၇ အသင်းတို့ဟာ ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်းမှာ ဆက်လက် ခြေစမ်း ကစားမှာဖြစ်ပြီး ပရိသတ်များကို ကွင်းဝင်ကြေးအခမဲ့အဖြစ် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)က သတ်မှတ် ပေးထားပါတယ်။ မြန်မာ ယူ- ၁၇ အသင်းနဲ့ အိန္ဒိယ ယူ- ၁၇ အသင်းတို့ဟာ ပြီးခဲ့တဲ့မတ်လ ၃ ရက်က ပထမခြေစမ်းပွဲ ယှဥ်ပြိုင်ကစားခဲ့ရာမှာ အိန္ဒိယ ယူ- ၁၇ အသင်းက ၂ဂိုး၊ ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ မြန်မာ ယူ- ၁၇ အသင်းနှင့် အိန္ဒိယ ယူ- ၁၇ အသင်း နှစ်သင်းစလုံးဟာ ၂၀၂၆ အာရှဖလား ယူ- ၁၇ ပြိုင်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်ဖို့ ရှိနေတာကြောင့် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ ခြေစမ်းကစားနေကြတာ ဖြစ်ပါတယ်။ မြန်မာယူ-၁၇ အသင်းဟာ ၂၀၂၆ အာရှဖလား ယူ-၁၇ ပြိုင်ပွဲမတိုင်မီ လာမယ့်ဧပြီလအတွင်း ၂၀၂၆ အာဆီယံ ယူ-၁၇ ချန်ပီယံရှစ်ပြိုင်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်ဖို့ ရှိနေပါတယ်။ (NVS 008)