“ယူကရိန်းသို့ နျူလက်နက်များလွှဲပြောင်းပေးရန် စီစဉ်နေသည်ဟူသော ရုရှားထောက်လှမ်းရေးအဖွဲ့၏ ထုတ်ပြန်ချက်ကို ငြင်းဆိုခြင်းအား ရုရှားက လက်မခံဟုပြော”

05 Mar

ဗြိတိန်နှင့်ပြင်သစ်နိုင်ငံတို့က ယူကရိန်းနိုင်ငံသို့ နျူကလီးယားလက်နက်များ လွှဲပြောင်းပေးရန် စီစဉ်နေသည် ဟူသော ရုရှားနိုင်ငံခြားထောက်လှမ်းရေးအဖွဲ့က ထုတ်ပြန်သည့်အချက်အလက်များအား ငြင်းဆိုရန်ကြိုးပမ်းမှုများကို ရုရှားနိုင်ငံက လက်မခံကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မာရီယာ ဇာခါရိုဗာ က သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားလိုက်သည်။ ယူကရိန်းနိုင်ငံသို့ နျူကလီးယားလက်နက်များ လွှဲပြောင်းပေးရန် စီစဉ်နေသည်ဟူသော သတင်းအချက် အလက်များသည် မှန်ကန်ခြင်းမရှိဟု ဗြိတိန်နှင့်ပြင်သစ်နိုင်ငံတို့က သံတမန်လမ်းကြောင်းများမှတစ်ဆင့် တရားဝင် တုံ့ပြန်ငြင်းဆိုထားခြင်းကို ရုရှားအစိုးရက အဆိုပါငြင်းဆိုမှုအား လက်ခံခြင်းမပြုနိုင်ကြောင်း ဇာခါရိုဗာ ပြောကြားခြင်း ဖြစ်သည်။ ထို့ပြင် ဗြိတိန်နှင့်ပြင်သစ်နိုင်ငံတို့အနေဖြင့် ယူကရိန်းနိုင်ငံသို့ နျူကလီးယားလက်နက်များ လွှဲပြောင်းပေးရန် စီစဉ်မှုကဲ့သို့သော နိုင်ငံတကာဥပဒေချိုးဖောက်မှုကိုကျူးလွန်ရန်အတွက် စွမ်းဆောင်ရည်၊ ဆွဲဆောင်မှုမက်လုံးနှင့် နည်းလမ်းများရှိနေပြီး ရုရှားအထူးထောက်လှမ်းရေးအဖွဲ့များကရရှိထားသော တိကျသည့်အချက်အလက်များ သည် ၎င်းနိုင်ငံနှစ်နိုင်ငံ၏ ရည်ရွယ်ချက်များကို တိုက်ရိုက်ဖော်ပြလျက်ရှိသည်ဟု ၎င်းကထပ်လောင်း ပြောကြားခဲ့ ကြောင်း TASS Russian သတင်းဌာနဖော်ပြချက်အရ သိရသည်။

05 Mar

ADVERTISE HERE .