“၂၀၂၅ ခုနှစ်တွင် ကမ္ဘာလုံးဆိုင်ရာကာကွယ်ရေးအသုံးစရိတ် စံချိန်တင်မြင့်တက်”

05 Mar

၂၀၂၅ ခုနှစ်တွင် ကမ္ဘာလုံးဆိုင်ရာကာကွယ်ရေးအသုံးစရိတ်သည် အမေရိကန်ဒေါ်လာ ၂ ဒသမ ၆၃ ထရီလီယံသို့ စံချိန်တင်မြင့်တက်ခဲ့ပြီး ယမန်နှစ်ကထက် ၂ ဒသမ ၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း ဗြိတိန်တွေးခေါ် ပညာရှင်တစ်ဦးက ပြောကြားသည်။ နိုင်ငံတကာမဟာဗျူဟာလေ့လာရေးအင်စတီကျုက ၎င်း၏နှစ်ပတ်လည် “ကာကွယ်ရေးဟန်ချက်ညီမှု” အစီရင်ခံစာကို ထုတ်ပြန်ခဲ့သည်။ အဆိုပါအစီရင်ခံစာတွင် ကမ္ဘာ့နိုင်ငံများ၏ ကာကွယ်ရေးအင်အားနှင့် ဒေသတွင်းအခြေအနေများကို ခွဲခြမ်းစိတ်ဖြာဖော်ပြထားသည်။ ဥရောပကာကွယ်ရေး အသုံးစရိတ်သည် ယခင်နှစ်ကထက် ၁၂ ဒသမ ၆ ရာခိုင်နှုန်းတိုးလာပြီး အမေရိကန်ဒေါ်လာ ၅၆၃ ဘီလီယံအထိ တိုးလာကာ ကမ္ဘာ့ပျမ်းမျှထက် အဆပေါင်းများစွာ ပိုမိုမြင့်တက်လာကြောင်း အစီရင်ခံစာတွင် ရေးသားထားသည်။ ၂၀၂၂ ခုနှစ်တွင် ကမ္ဘာလုံးဆိုင်ရာ ကာကွယ်ရေးအသုံး စရိတ်စုစုပေါင်း၏ ၁၇ ရာခိုင်နှုန်းဖြစ်ပြီး ၂၀၂၅ ခုနှစ် တွင် ၂၁ ဒသမ ၄ ရာခိုင်နှုန်း အထိရှိလာသည်။ ဥရောပ၏ ဒေသတွင်းလုံခြုံရေးအတွက် မြင့်တက်လာခြင်းဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ အလားတူ အမေရိကန်နိုင်ငံ၏ကာကွယ်ရေးအသုံးစရိတ်သည် အမေရိကန် ဒေါ်လာ ၉၂၁ ဘီလီယံဖြင့် အများဆုံးရပ်တည်လျက်ရှိပြီး တရုတ်နိုင်ငံက ၂၅၁ ဒသမ ၃ ဘီလီယံနှင့် ရုရှားနိုင်ငံက ၁၈၆ ဒသမ ၂ ဘီလီယံဖြင့် ရပ်တည်ခဲ့သည်။ ဂျပန်နိုင်ငံက အမေရိကန်ဒေါ်လာ ၅၈ ဒသမ ၉ ဘီလီယံ ဖြင့် အဆင့် (၉) နေရာတွင် ရပ်တည်နေကြောင်း NHK သတင်းဌာနဖော်ပြချက်အရ သိရသည်။

05 Mar

ADVERTISE HERE .