“မန္တလေးတိုင်းဒေသကြီးမှာ တက္ကသိုလ်ဝင်တန်းဖြေဆိုနိုင်ရန် စာစစ်ဌာန ၁၀၈ ခု ဖွင့်လှစ်မည်”
05 Mar
မန္တလေးတိုင်းဒေသကြီးမှာ တက္ကသိုလ်ဝင်တန်း ဖြေဆိုမည့် စာဖြေသူ စာရင်းသွင်းဦးရေ ၄၇,၀၀၀ ကျော်ရှိပြီး စာစစ်ဌာန ၁၀၈ ခု ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီးအစိုးရ၏ သတင်းအချက်အလက်များအရ သိရပါတယ်။ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို လာမည့်မတ် ၁၁ ရက်မှ ၁၈ ရက်အထိ ကျင်းပသွားမှာဖြစ်ပါတယ်။ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုချိန်နှင့် စာမေးပွဲကာလအတွင်း လုံခြုံရေး၊ အဖြေလွှာများ ပြန်လည်အပ်နှံ ပို့ဆောင်ရေးလုပ်ငန်းများအထိ အောင်မြင်ချောမွေ့စွာ ဆောင်ရွက်နိုင်စေရန် လုံခြုံရေးအထူးသတိရှိစွာဖြင့် စနစ်တကျ ကြပ်မတ်ကာ အထူးဂရုပြုအလေးထားဆောင်ရွက်သွားကြရန်လည်း မန္တလေးတိုင်းဝန်ကြီးချုပ်က လမ်းညွှန်ထား ပါတယ်။ (NVS 004)
05 Mar