“မြန်မာ့ရိုးရာ မှန်စီရွှေချလုပ်ငန်းကို ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် UNESCO တင်သွင်းနိုင်ရန် ဆောင်ရွက်”

04 Mar

မြန်မာ့ရိုးရာအနုပညာလက်ရာ မှန်စီရွှေချလုပ်ငန်းကို လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် UNESCO အဖြစ် တင်သွင်းနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနမှ သိရပါတယ်။ လက်ရှိတွင် မြန်မာ့ရိုးရာယဉ်ကျေးမှု အနုပညာရပ်တစ်ခုဖြစ်သည့် ဘုရားတန်ဆောင်း၊ ပြာသာဒ်၊ ဇရပ်များနှင့် လူ့အသုံးအဆောင်ပစ္စည်းများ မှန်စီရွှေချခြင်းလုပ်ငန်းကို လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် အဖြစ် တင်သွင်းနိုင်ရန် စာရင်းကောက်ယူမှတ်တမ်းတင်ခြင်းများကို စတင်ဆောင်ရွက်နေပြီဖြစ်ပါတယ်။ မှန်စီရွှေချလုပ်ငန်းနှင့်ပတ်သက်သည့် အမျိုးသားအဆင့်စာရင်းကောက်ယူမှုကို မန္တလေးမှာလည်း မကြာမီ စတင်ဆောင်ရွက်သွားနိုင်ရန် ရည်ရွယ်ထားပြီး စာရင်းကောက်ယူရာတွင်လည်း မှန်စီရွှေချလုပ်ငန်း၏ လုပ်ဆောင်ပုံ အဆင့်ဆင့်ပါဝင်ပြီး ထိန်းသိမ်းအပ်သော မြန်မာ့လက်မှုအနုပညာ လက်ရာအမွေအနှစ်ကို ဖော်ထုတ်လုပ်ဆောင်ရွက် ခြင်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်တွင် (၁၉)ကြိမ်မြောက် လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ညီလာခံကို ပါရာဂွေးနိုင်ငံ၌ကျင်းပခဲ့ပြီး အဆိုပါအခမ်းအနားတွင် မြန်မာ့ရိုးရာ နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်ကို ဒြပ်မဲ့ယဉ်ကျေးမှုစာရင်းဝင်အဖြစ် အတည်ပြုခဲ့ပြီးဖြစ်ကြောင်း သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ သိရပါတယ်။ (NVS-004)

04 Mar

ADVERTISE HERE .