“နေပြည်တော် ဒက္ခိဏသီရိမြို့နယ်အတွင်း ဧက ၅၀၀ ဆန်စပါးစိုက်ပျိုးရေးဇုန် စတင်ဆောင်ရွက်”

04 Mar

၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် နွေစပါးရာသီမှစတင်၍ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်အတွင်း ကျွန်းတက်ပဲ့ ကျေးရွာအုပ်စုနှင့် ကြာပင်ကျေးရွာအုပ်စုတို့မှာ ဧက ၅၀ဝ ဆန်စပါးစိုက်ပျိုးထုတ်လုပ်ရေးဇုန်(Rice Export Zone)ကို ဆောင်ရွက်ကာ ပြည်ပတင်ပို့ရန် စိုက်ပျိုးထုတ်လုပ်သွားမည်ဖြစ်ကြောင်း ဒက္ခိဏသီရိမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ ပြည်တွင်းစားသုံးမှုအတွက် ဆန်စားရေရိက္ခာဖူလုံစေရန်၊ ပြည်တွင်း ဆန်ဈေးကွက် တည်ငြိမ်စေရန်နှင့် မျိုးကောင်းမျိုးသန့်အရည်အသွေးကောင်းဆန်များကို နိုင်ငံတကာ ဈေးကွက်သို့ တင်ပို့ရောင်းချနိုင် ရည်ရွယ်ကာ စိုက်ပျိုးခြင်းဖြစ်ပါတယ်။ စိုက်ပျိုးရေးဦးစီးဌာနသည် (Rice Export Zone) တွင် ပါဝင်စိုက်ပျိုးထုတ်လုပ်သွားမည့် တောင်သူများအတွက် မျိုးနှင့်သွင်းအားစုများ အချိန်မီရရှိရေး ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် နည်းပညာပေးလုပ်ငန်းများအပြင် သီးနှံ များတွင် ပိုးသတ်ဆေးဓာတ်ကြွင်း ပါဝင်မှုမရှိစေရန် ဘက်စုံပိုးမွှား ကာကွယ်နှိမ်နင်းနည်းစနစ်များကိုလည်း ကွင်းဆင်း ဆောင်ရွက်ပေးထားပြီးဖြစ်ပါတယ်။ လက်ရှိမှာ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MAPCO)ကုမ္ပဏီနှင့် ဒေသခံတောင်သူတို့ အကျိုးတူပူးပေါင်း ဆောင်ရွက်ကာ စပါးပေါ်ချိန်တွင် ဒေသပေါက်ဈေးဖြင့် စပါးအားလုံးဝယ်ယူသွားမည်ဖြစ်ကာ (Rice Export Zone) အတွက် စိုက်ပျိုးရေကို နေပြည်တော်ငလိုက်ဆည်မှ စတင်ပေးဝေနေပြီဖြစ်ကြောင်း သိရပါတယ်။ (NVS-004)

04 Mar

ADVERTISE HERE .