“2026 ATX Open တင်းနစ်ပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့တဲ့ အမေရိကန်တင်းနစ်မယ် ပီတန်စတင်း”
04 Mar
အမေရိကန်နိုင်ငံမှာ ကျင်းပပြုလုပ်လျက်ရှိသော အမျိုးသမီးတင်းနစ်ပြိုင်ပွဲဖြစ်တဲ့ 2026 ATX Open တင်းနစ်ပြိုင်ပွဲရဲ့ ချန်ပီယံဆုကို အိမ်ရှင် အမေရိကန်တင်းနစ်မယ် ပီတန်စတင်း က ဆွတ်ခူးခဲ့ပါတယ်။ အဆိုပါအိမ်ရှင်အမေရိကန် တင်းနစ်မယ် ပီတန်စတင်း ဟာ 2026 ATX Open တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲအဆင့်မှာ တစ်နိုင်ငံတည်းနေသူ တင်းနစ်မယ် တေလာသောစန့် ကို ၇-၆၊ ၇-၅ နဲ့ အနိုင်ရရှိကာ ချန်ပီယံဆုကို ဆွတ်ခူးခဲ့ခြင်းဖြစ်ပါတယ်။ အသက် ၂၄ နှစ်အရွယ်ရှိ ပီတန်စတင်း က 2026 ATX Open တင်းနစ်ပြိုင်ပွဲ ချန်ပီယံဆုကို ရယူနိုင်ခဲ့လို့ အတိုင်းမသိ ပျော်ရွှင်မိကြောင်းနှင့် နောက်ထပ်လည်း အခုလိုဆုတွေအပြင် နိုင်ငံအတွက် ဂုဏ်ဆောင်နိုင်အောင် ဆက်လက်ကြိုးစားသွားမယ်လို့ ပြောကြားခဲ့ပါတယ်။ (NVS 008)
04 Mar