“အမ်ဘာပေ ရဲ့ ဒူးဒဏ်ရာ ခွဲစိတ်ကုသဖို့ မလိုအပ်”

04 Mar

ရီးရဲလ်အသင်းတိုက်စစ်မှူး အမ်ဘာပေ ရဲ့ဒူးဒဏ်ရာ ဟာ ခွဲစိတ်ကုသဖို့ မလိုအပ်ဘူးလို့ သိရပါတယ်။ အသက် ၂၇ နှစ်အရွယ် အမ်ဘာပေ ဟာ ၂၀၂၅ နှစ်ကုန်ကတည်းက ဘယ်ဘက်ဒူးဒဏ်ရာ ခံစားနေရတာ ဖြစ်ပါတယ်။ အမ်ဘာပေ ဟာ ပါရီမြို့ကို သွားရောက်ကာ ဒူးဒဏ်ရာနဲ့ပတ်သက်ပြီး စမ်းသပ်စစ်ဆေးမှုတွေ ခံယူနေတာ ဖြစ်ပါတယ်။ ဒါကြောင့် ဘင်ဖီကာအသင်းနဲ့ကစားတဲ့ ချန်ပီယံလိဂ် play-off ဒုတိယအကျော့ပွဲ၊ ဂီတာဖေးနဲ့ လာလီဂါအိမ်ကွင်းပွဲတွေကို လွဲချော်ခဲ့ရပါတယ်။ အမ်ဘာပေအနေနဲ့ လာမယ့်အပတ် မန်စီးတီးအသင်းနဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ပွဲမှာလည်း ပါဝင်ကစားဖို့ မသေချာပါဘဲ ဖြစ်နေပါတယ်။ အမ်ဘာပေရဲ့ကိုယ်စားလှယ်တွေက ကစားသမားဟာ ပါရီမှာ ရီးရဲလ်ဆေးအဖွဲ့ဝင်တွေနဲ့ အတူရှိနေတယ်လို့ ပြောကြားခဲ့ပါတယ်။ (NVS 008)

04 Mar

ADVERTISE HERE .