“ဒူးအရွတ်ဒဏ်ရာကြောင့် ၈ လ ဝန်းကျင်ခန့် ထပ်မံအနားယူရမှာဦးမယ့် ရိုဒရီဂို”

04 Mar

ရီးရဲလ်အသင်းရဲ့ ဘရာဇီးလ်တိုက်စစ်ကစားသမား ရိုဒရီဂို ဟာ ဒူးအရွတ်ဒဏ်ရာကြောင့် ၈ လ ဝန်းကျင် အနားယူရမှာဖြစ်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ လွဲချော်ရမယ်လို့ သိရပါတယ်။ ရိုဒရီဂို ဟာ ဂီတာဖေးအသင်းကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ရာသီလက်ကျန်ပွဲအားလုံးကို လွဲချော်ရတော့မှာ ဖြစ်ပါတယ်။ ရိုဒရီဂို ဟာ ကြွက်သားဒဏ်ရာကြောင့် တစ်လဝန်းကျင်အနားယူနေရာက ပြန်ကစားနိုင်တဲ့ပွဲမှာပဲ ဒူးအရွတ်ဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ ရိုဒရီဂို က ဘဝရဲ့ အဆိုးရွားဆုံးနေ့ရက်တွေထဲက တစ်ရက်ဖြစ်ကြောင်းနဲ့ ဒီဒဏ်ရာနဲ့ ရင်ဆိုင်ရမှာကို အမြဲကြောက်ရွံ့နေခဲ့ကြောင်း ရေးသားခဲ့ဖူးပါတယ်။ (NVS 008)

04 Mar

ADVERTISE HERE .