“စီရော်နယ်လ်ဒို တံကောက်ကြောဒဏ်ရာရရှိနေကြောင်း အတည်ပြုခဲ့တဲ့ အယ်နာဆာအသင်း”
04 Mar
ဆော်ဒီကလပ် အယ်လ်နာဆာအသင်းက ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်လ်ဒို တံကောက်ကြောဒဏ်ရာ ရရှိနေကြောင်း အတည်ပြုကြေညာခဲ့ပါတယ်။ အယ်လ်နာဆာအသင်းခေါင်းဆောင် စီရော်နယ်လ်ဒို ဟာ အယ်လ်ဖေဟာအသင်းနဲ့ ယှဥ်ပြိုင်ကစားခဲ့တဲ့ပွဲမှာ ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး အနားယူရမယ့်ကာလကိုတော့ အယ်နာဆာအသင်းက ဖော်ပြခြင်းမရှိခဲ့ပါဘူး။ အဆိုပါပွဲစဉ်မှာ စီရော်နယ်လ်ဒို ဟာ ပယ်နယ်တီကန်သွင်းရာမှာ လွဲချော်ခဲ့တာကြောင့် ဆိုးရွားတဲ့ပွဲစဉ်တစ်ပွဲ ဖြစ်ခဲ့ပါတယ်။ အယ်လ်နာဆာနည်းပြ ဂျော့ချ်ဂျေးဇူး ကတော့ စီရော်နယ်လ်ဒိုအနေနဲ့ ဒဏ်ရာရရှိခဲ့တာကြောင့် မစွန့်စားချင်တဲ့အတွက် လူစားလဲခဲ့ခြင်းဖြစ်ကြောင်းနဲ့ ဒဏ်ရာမပြင်းထန်ဖို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။ အမေရိကန်နဲ့ အီရန်တိုက်ပွဲကြောင့် စီရော်နယ်လ်ဒိုအနေနဲ့ ဆော်ဒီနိုင်ငံက ထွက်ခွာသွားပြီလို့ အချို့သတင်း ဌာနများက ဖော်ပြခဲ့ကြပေမယ့် ဆော်ဒီနိုင်ငံမှာပဲ ဆက်ရှိနေကြောင်းလည်း နီးစပ်သူများက အတည်ပြုခဲ့ပါတယ်။ (NVS 008)