“ရာထူးကနေ ရုတ်တရက်ထုတ်ပယ်ခံခဲ့ရတဲ့ ဖလာမင်ဂိုအသင်းနည်းပြ ဖိလစ်ပီလူးဝစ်”
04 Mar
ဖလာမင်ဂိုအသင်းဟာ လူငယ်နည်းပြ ဖိလစ်ပီလူးဝစ် ကို ရာထူးက ထုတ်ပယ်ခဲ့ပါတယ်။ ဖလာမင်ဂိုက ဟာ မာဒူရီယားအသင်း ကို စံချိန်တင် သွင်းဂိုး ၈ ဂိုးပြတ်နဲ့ အနိုင်ရရှိကာ Campeonato Carioca ဗိုလ်လုပွဲကို ပို့ဆောင်ပေးပြီး နာရီပိုင်းအကြာမှာ ထုတ်ပယ်ခံရတာ ဖြစ်ပါတယ်။ ဖလာမင်ဂိုးအသင်းရဲ့ ထုတ်ပြန်ချက်များအရ ဖိလစ်ပီလူးဝစ် ဟာ ၂၀၂၆ ခုနှစ်အတွင်း Supercopa do Brasil၊ Recopa Sudamericana ဗိုလ်လုပွဲ နှစ်ပွဲဆက်အရေးနိမ့်ခဲ့မှုက ထုတ်ပယ်ခံရတဲ့ အဓိကအကြောင်းအရင်းဖြစ်ပြီး အဝတ်လဲခန်း အငြင်းပွားမှုူများနှင့် ကစားသမားများကြားမှာ နည်းစနစ်ပိုင်းဆိုင်ရာများ မကျေနပ်မှုများဖြစ်ခဲ့တာ ကြောင့် အခုလို ထုတ်ပယ်ခံခဲ့ရတာ ဖြစ်ပါတယ်။ ၎င်းဟာ ဖလာမင်ဂိုးအသင်းကို ပွဲ ၁၀၀ ကိုင်တွယ်ခဲ့ပြီး ဆုဖလား ခုနစ်လုံး ရယူပေးခဲ့ပါတယ်။ ဒါဟာ ပျမ်းမျှ ၁၄ ပွဲတိုင်းမှာ ဖလားတစ်လုံး ရယူပေးနိုင်တဲ့ မှတ်တမ်းကို ရရှိစေခဲ့ပါတယ်။ ၎င်းအနေနဲ့ Copa Libertadores ချန်ပီယံဆုကို ကစားသမားဘဝနဲ့ရော နည်းပြဘဝနဲ့ပါ ရယူနိုင်တဲ့ ကိုးဦးမြောက် ကစားသမားဖြစ်လာခဲ့ပါတယ်။ (NVS 008)